Gyan Pone

Media, Entertainment and News Website

International News

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းလုပ်ဖို့ ဗီယက်နမ်အမျိုးသမီးကို ဗီယက်နမ် ရဲတပ်ဖွဲ့ စုံစမ်းရှာဖွေ

hfdjsgfds58435

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းလုပ်ဖို့ စည်းရုံးတဲ့ ဗီယက်နမ်အမျိုးသမီးကို ဗီယက်နမ် ရဲတပ်ဖွဲ့ စုံစမ်းရှာဖွေ

hfdjsgfds58435

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်း လုပ်ကိုင်ဖို့ အမျိုးသမီးငယ်တွေကို လူမှောင်ခိုကူးနေတဲ့ ဗီယက်နမ် အမျိုးသမီး တစ်ဦးကို ဗီယက်နမ် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ ဗီယက်နမ် အမျိုးသမီးငယ် Nguyen Thi Ngoc Anh ဆိုသူကို အမည်မသိ အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ လိင်လုပ်ငန်း လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံကို သွားရောက်ဖို့ စည်းရုံးခဲ့ကြောင်း၊

အဲဒီအချိန်မှာပဲ ဗီယက်နမ် အမျိုးသမီးငယ် Nguyen Thi Ngoc Anh ဟာ ဟနွိုင်းမြို့မှာ သူနဲ့အတူ သွားရောက်လုပ်ကိုင်ဖို့ ဗီယက်နမ် အမျိုးသမီးတစ်ဦးကိုထ ပ်မံ စည်းရုံးခဲ့ကြောင်း ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။

hfdjsgfds58435

Nguyen Thi Ngoc Anh ဟာ ကာစီလိုလောင်ကစားရုံမှာ တစ်လ အမေရိကန်ဒေါ်လာ ၆၄၅ ဒေါ်လာနဲ့ ကဒ် ရောင်းရမယ့် အလုပ်လုပ်ရမယ်လို့ စည်းရုံးခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း၊

အဆိုပါ ဗီယက်နမ် အမျိုးသမီးငယ်ဟာ နောက်ထပ် အမျိုးသမီးငယ်တစ်ဦးကို စည်းရုံးခေါ်ဆောင်ခဲ့ ပြီး အမျိုးသမီးသုံးဦးဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၅ ရက်မှာအတူ သွားရောက်ခဲ့ကြောင်း ဗီယက်နမ် သတင်းတွေက ဖော်ပြပါတယ်။

hfdjsgfds58435

မြန်မာနိုငံကို လာရောက်တဲ့ အမျိုးသမီးသုံးဦးထဲက Nguyen Thi Ngoc Anh အပါအဝင် အမျိုးသမီး နှစ်ဦးဟာ မြန်မာနိုင်ငံရှိ လိင်လုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်မယ့် ဗီယက်နမ် အမျိုးသမီးငယ်တွေ ထပ်မံခေါ်ဆောင်နိုင်ဖို့ ဗီယက်နမ် နိုင်ငံကို ပြန်လာခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံကို ပြန်လာတဲ့ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

hfdjsgfds58435

ဖမ်းဆီးစုံစမ်းစစ်ဆေးနေဆဲမှာပဲ အမျိုးသမီးတွေကို လူကုန်ကူးနေတဲ့ NguyenThi Ngoc Anh ဟာ ဒီနှစ် ဇူလိုင်မှာ လွတ်မြောက်သွားခဲ့ပြီး အဲဒီအချိန်တည်းက ထွက်ပြေးနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Facebook Comments
33 Shares

Comments are Closed

Powered by M.N.T