Gyan Pone

Media, Entertainment and News Website

International News

ရေခဲပြင်ထဲကနေ ဒလဟော စီးထွက်လာတဲ့ အနီရောင်ရေတွေ အကြောင်း

fgsghds5847365748 1

သွေးရေတံခွန် ရေခဲပြင်ထဲကနေ ဒလဟော စီးထွက်လာတဲ့ အနီရောင်ရေတွေ အကြောင်း

fgsghds5847365748 1

သွေးရေတံခွန်ကို သြစတြေးလျ ဘူမိဗေဒပညာရှင် ဂရစ်ဖ် တေလာ (Griffith Taylor) က (၁၉၁၁) ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အစက ဂရစ်ဖ် တေလာ နဲ့ အခြားပညာရှင်တွေက ရေခဲပြင်ထဲကနေ စီးထွက်လာတဲ့ အနီရောင်ရေဟာ ရေညှိဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ထင်မြင်ယူဆချက်က မှားယွင်းခဲ့ပြီး အခု အနီရောင်ရေ ထွက်လာရတဲ့ အကြောင်အရင်းကို သိပ္ပံပညာရှင်တွေ သိသွားခဲ့ပြီဖြစ်ပါတယ်။

fgsghds5847365748 2

သွေးရေတံခွန်ဟာ အရှေ့အန္တာတိကတိုက်မှာ တည်ရှိပါတယ်။ သိပ္ပံပညာရှင်တွေက ဘာလို့ ရေခဲပြင်ထဲက အနီရောင်ရေ ထွက်လာရတာလဲဆိုတာကို နှစ်ပေါင်း (၁၀၀) ကျော်ကြာ လေ့လာခဲ့ကြပါတယ်။

အစတုန်းက အနီရောင်ရေဟာ ရေညှိဖြစ်မယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း သိပ္ပံပညာရှင်တွေက အနီရောင်ရေဟာ သံဓါတ်ပေါများတဲ့ ဆားရေ နဲ့ လေ ဓါတ်ပြုတာကနေ ဖြစ်ပေါ်လာတာပါလို့ ထုတ်ပြန်သွားခဲ့ပါတယ်။

fgsghds5847365748 1

သံချေးတတ်တာကို ဥပမာ ပေးရှင်းပြထားပါတယ်။ သံတစ်ခုကို အပြင်မှာ ရက်အနည်းငယ် ထားမယ်ဆိုရင် သံက လေနဲ့ ဓါတ်ပြုပြီး သံချေးတတ်နိုင်ပါတယ်။ ဒီလိုပါပဲ…အခုဖြစ်စဉ်မှာတော့ သံဓါတ်ပေါများတဲ့ ဆားရေ နဲ့ လေ ဓါတ်ပြုတဲ့ အခါမှာ အနီရောင်ရေ ဖြစ်လာပါတယ်။

အချို့သိပ္ပံပညာရှင်တွေက ဆားရေဟာ အမှန်က ဆားငန်ရေ (Brine) ဖြစ်ပြီး ရေခဲပြင်က အနီရောင် ရေဟာ အလွန် ငန်တယ်လို့ ပြောခဲ့ကြပါတယ်။

fgsghds5847365748 2

ရေခဲပြင် အထက်ပိုင်းကနေ ရေခဲပြင်အောက်ပိုင်းကို စီးဆင်လာတဲ့ ရေရဲ့ အရှည်ဟာ (၁၀၀) ပေခန့် ရှည်ပြီး နောက်ပိုင်းမှာ သွေးရေတံခွန်လို့ နာမည်ပေးခဲ့ကြပါတယ်။ သွေးရေတံခွန်လို့ အမည်ပေးထားပေမဲ့ သွေးတွေ စီးဆင်းနေတာ မဟုတ်ဘဲ ဆားငန်ရေစီးဆင်နေတာ ဖြစ်ပါတယ်။

ရေခဲပြင်ထဲကနေ စီးထွက်တဲ့ ရေတွေဟာ အလွန် အေးတာကြောင့် တစ်ခါတစ်လေမှာ ရေတွေက နေရာကွက်ကြဲ အေးခဲသွားလေ့ ရှိပါတယ်။

Facebook Comments
33 Shares

Comments are Closed

Powered by M.N.T