Gyan Pone

Media, Entertainment and News Website

Local News

ရဲက စစ်ဆေးတာကို အမေးမခံဘဲ ဓါးနဲ့ပြေးခုတ်လို့ ပစ်ခတ်ဖမ်းဆီး

dfgeytr74567rtyu5678tyu5678tyui 1

ရဲက စစ်ဆေးတာကို အမေးမခံ ဘဲ ဓါးနဲ့ပြေးခုတ်လို့ ပစ်ခတ်ဖမ်းဆီး

dfgeytr74567rtyu5678tyu5678tyui 2

၁၁-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ် အချိန် မိတ္ထီလာမြို့၊ ရတနာမာရ်အောင် ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအနီး ပတ်ဝန်းကျင်ရှိ ကန္တာရချုံများတွင် လမ်းသွားလမ်းလာများအား လုယက်မှု ကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ ပြစ်မှုကျူးလွန်ပြီးနောက် ရှောင်တိမ်းနေသူများ လာရောက် ခိုအောင်းနေကြောင်း သတင်းအရ

dfgeytr74567rtyu5678tyu5678tyui 3

မိတ္ထီလာမြို့မ ရဲစခန်း မှ တပ်ဖွဲ့ဝင်များ သည် ခရိုင်အားကစားကွင်း အနီးတွင် လှည့်ကင်း ဆောင်ရွက်နေစဉ် ခရိုင်အားကစားကွင်း မြောက်ဘက်၊ ပေ ၁၀၀ ခန့် အကွာရှိ ကန္တာရချုံ အတွင်းဝင်ရောက် ရှင်းလင်းရာ ထင်လင်းအောင်(ခ) အငယ်လေး ၁၉ နှစ်၊ နယ်မြေ(၁၂)၊ ရန်မျိုးအောင် ရပ်ကွက်၊ မိတ္ထီလာမြို့၊ ပါ ၃ ဦးအား တွေ့ရှိသဖြင့် မေးမြန်းရာ ထင်လင်းအောင် (ခ)အငယ်လေးမှ စစ်ဆေးမခံဘဲ

dfgeytr74567rtyu5678tyu5678tyui 2

အရိုးအသွား ၁၂ လက်မခွဲ (သတ္တုရိုးတပ်) ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များထံ သို့ပြေးဝင်လာသဖြင့် ပေ ၅၀ ခန်ွအကွာမှ ပစ်ခတ်ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ဓားဖြင့်ပြေးခုတ်သဖြင့် ပေ ၂၅ ပေခန့်နှင့် ၁၀ ပေခန့်အကွာ တို့တွင် ထပ်မံ ပစ်ခတ်ခဲ့ရာ ထင်လင်းအောင်၏ ဝဲဘက် ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာရရှိပြီး အဆိုပါ လူငယ် ၃ ဦးမှာ ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးရာ

dfgeytr74567rtyu5678tyu5678tyui 3

ညီညီအောင်အား ချက်ချင်းဖမ်းဆီးရမိပြီး ထင်လင်းအောင် (ခ) အငယ်ကောင် အား နေ့လည် ၁၂ နာရီ ၅၀ အချိန် ရန်မျိုးအောင် ရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ထင်လင်းအောင်(ခ) အငယ်ကောင် သည် ၂၅-၅-၂၀၁၉ ရက်နေ့တွင် အမှုဖွင့်လှစ် ထားသော မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေ ရဲစခန်း (ပ)၂၅၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)/၁၁၄ အမှုမှ တရားခံပြေး တစ်ဦးဖြစ်ကြောင်း သိရှိရပြီး

dfgeytr74567rtyu5678tyu5678tyui 2

ဖမ်းဆီးရမိသူ ထင်လင်းအောင်(ခ) အငယ်ကောင်၊ ညီညီအောင် တို့အား မိတ္ထီလာမြို့မရဲစခန်း (ပ) ၅၃၅/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ထားရှိပြီး အခြားပြစ်မှုများ ကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Facebook Comments

Comments are Closed

Powered by M.N.T

84 Shares
Share84
Tweet
Share
Pin