Gyan Pone

Media, Entertainment and News Website

Local News

မရမ်းကုန်းမြို့နယ်အတွင်း ငွေကျပ်သိန်း(၈၀) ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားသူ (၂) ဦး အား ဖမ်းမိ

erutiewuifgdhgyweruty4875t435uewrty48756ytewruty4785 2

မရမ်းကုန်းမြို့နယ်အတွင်း ငွေကျပ်သိန်း(၈၀) ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားသူ (၂) ဦး အား ဖမ်းမိ

erutiewuifgdhgyweruty4875t435uewrty48756ytewruty4785 2

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၊ မှုခင်း အကူဌာနစု မှ တပ်ဖွဲ့ဝင်များ သည် ၈.၈.၂၀၁၉ ရက်နေ့ ၂၂၃၀ အချိန် တွင် မရမ်းကုန်းမြို့နယ် အတွင်း ခိုးမှု/ဖောက်ထွင်းမှုများ ကျူးလွန် ထားကြောင်း ကြိုတင်သ တင်း ရရှိထားသည့် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်၊ အပိုင်း(၁) ၊ ဘုန်းကြီးကျောင်းလမ်း နေ ဝိုင်းစမ်း၊ (၂၀)နှစ် အား ၎င်း၏ နေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့သည်။

erutiewuifgdhgyweruty4875t435uewrty48756ytewruty4785 1

နေအိမ်တွင် လက်ကိုင်ဖုန်း (၁၃) လုံး၊ လက်တော့(ပ်) (၁) လုံးနှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ ရသဖြင့် စစ်မေးရာ၂.၈.၂၀၁၉ ရက်နေ့ ၀၂၀၀ အချိန်တွင် အစ်ကို ဖြစ်သူ ဝိုင်းချစ် နှင့် အတူ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း ပေါ်ရှိ ဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ ခိုးယူ လာခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ သဖြင့် သက်သေများ ရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်း ခဲ့ပါသည်။

erutiewuifgdhgyweruty4875t435uewrty48756ytewruty4785 2

အမှုမှ ကွင်းဆက် တရားခံ ဝိုင်းချစ် အား မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်၊ အပိုင်(၁၀) ၊ လှိုင်ကျော်ဘွားလမ်း ရှိ ၎င်း၏ နေအိမ် တွင် လက်ကိုင်ဖုန်း (၃) လုံးနှင့် အခြား ဆက်စပ် ပစ္စည်းများ၊ စုစုပေါင်း တန်ဖိုးငွေ (၂,၀၆၀,၀၀၀) ကျပ်နှင့် အတူ ဖမ်းဆီး ရမိခဲ့ ပါသည်။

erutiewuifgdhgyweruty4875t435uewrty48756ytewruty4785 1

သို့ဖြစ်၍ လက်ကိုင်ဖုန်း (၁၆) လုံး၊ လက်တော့(ပ်) (၁) လုံး၊ စုစုပေါင်း တန်ဖိုးငွေ (၈,၁၂၈,၅၀၀ိ/-) ကျပ် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူ ခဲ့သူ ဝိုင်းစမ်း နှင့် ဝိုင်းချစ် တို့(၂)ဦး အား ဥပဒေနှင့် အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

Facebook Comments

Comments are Closed

Powered by M.N.T

72 Shares
Share72
Tweet
Share
Pin