Gyan Pone

Media, Entertainment and News Website

Local News

ဘားအံတွင် စက်လှေမှောက်၍ ၅ ဦးသေဆုံး

dfghytu476585678tyui568tui569

ဘားအံတွင် စက်လှေမှောက်၍ ၅ ဦးသေဆုံး

dfghytu476585678tyui568tui569

ဘားအံမြို့၊ ကော့ရင်းအောက်ကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာအင်းထဲတွင် ဝါခေါင်လပြည့်ပွဲတော်အတွက် ဘုရားပန်းခူးရန်ထွက်လာသည့် လောင်းလှေ သြဂုတ် ၁၄ ရက်၊ နံနက်ပိုင်းက တိမ်းမှောက်ခဲ့၍ ကျောင်းသား ၄ ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရှိရသည်။

dfghytu476585678tyui568tui569

သေဆုံးသူများမှာ စောမောင်ပန်းအောင် (၆ တန်း)၊ မနန္ဒာသိမ်း (၁၀ တန်း)၊ မနန္ဒာလှိုင်၊ စောမြင့်နိုင် (ဒုတိယတန်း)၊ စောရန်ကျော်စိုး (ဒုတိယတန်း) တို့ဖြစ်ပြီး ၎င်းတို့သည် ကော့ရင်းအောက်ကျေးရွာအုပ်စု စိမ့်ပိုင်းကျေးရွာမှ ကျောင်းသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

dfghytu476585678tyui568tui569

ယင်းသို့ပန်းခူးရန်ထွက်လာစဉ် လေသာကုန်းရွာနေ ဦးစောဘကြည်၏ နေအိမ်နောက်ဖေးအရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဦးစောဘကြည်က အသံများကြား၍ ထွက်ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို အကူအညီတောင်းကာဆယ်ယူခဲ့သော်လည်း အားလုံးရေနစ်သေဆုံးခဲ့ရကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရှိရသည်။

dfghytu476585678tyui568tui569

ယင်းသို့ အင်းအတွင်းလှေမှောက်ကာ ရေနစ်သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ဘားအံမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin