Gyan Pone

Media, Entertainment and News Website

Local News

အသက်များ ရင်းနှီးခဲ့ရတဲ့ မလတ်တောင်က ပေးခဲ့သော သင်ခန်းစာ

dfcuaysfdtfcus 3

အသက်များ ရင်းနှီးခဲ့ရတဲ့ မလတ်တောင်က ပေးခဲ့သော သင်ခန်းစာ

dfcuaysfdtfcus 2

အဖိုးတန်လူ့အသက် ဒါဇင် ပေါင်းများစွာကို ကြွေပြုန်းစေခဲ့ သည့် မလတ်တောင်မြေပြိုမှုဖြစ် ပွားပြီး ရက်ပိုင်းအကြာမှာပင် ကုလားမတောင်တန်းနှင့် မွန်- တနင်္သာရီဒေသရှိ တောင်တန်းများ၌ မိုးဆက်ကောင်းပါက ဆိုးရွားသော တောင်မြေပြိုကျမှုမျိုး ထပ်မံဖြစ်လာနိုင်ဖွယ်ရှိသည်ဟူသော မှန်းဆချက်ဖြင့် ဘူမိဗေဒပညာရှင်များ ခေါင်းမီးတောက် နေကြလေပြီ။

သြဂုတ် ၉ ရက် မနက် ၇ နာရီခွဲဝန်းကျင်တွင် စက္ကန့်ပိုင်းအ တွင်း လူ့အသက်များစွာကို သေ စေခဲ့သည့် မလတ်တောင်မြေပြိုမှု သည် သဲဖြူကုန်းကျေးရွာအတွက် သာမက မြန်မာတစ်နိုင်ငံလုံးကိုပါ ချောက်ချားစေခဲ့သည်။ မြေမပြို မီက လက္ခဏာအချို့ ပြခဲ့သော် လည်း မကြုံဖူး၍ မမျှော်လင့်ထား သော်လည်း စက္ကန့်ပိုင်းအတွင်း မြေလှိုင်းကြီးက အရာဝတ္ထုမှန်သ မျှကို ဝါးမျိုဖျက်ဆီးခဲ့သည်။

dfcuaysfdtfcus 1

မြေ ပြိုသည့် လမ်းကြောင်းတစ်လျှောက်ရှိ သက်ရှိ၊ သက်မဲ့အရာဝတ္ထုအားလုံးကို ၁၅ ပေမှ ၂၀ ပေ အမြင့်ရှိ မြေထုကြီးက ဝါးမျိုဖျက်ဆီးပစ်ခဲ့လေသည်။ သြဂုတ် ၁၂ ရက်အထိ ပြည်နယ်အစိုးရမှ ရရှိသည့် စာရင်းအရ သေဆုံးသူ ၆၄ ဦးရှိပြီး၊ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်ခဲ့သူ ၈၇ ဦးရှိကာ၊ အနည်းဆုံး ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ ဒေသခံများမဟုတ်ဘဲ ရေကြီး၍ လာရောက်တိမ်းရှောင်သူ၊ ကား များရပ်၍ ခေတ္တနားနေသူများ လည်းပါ၍ ပျောက်ဆုံးနေသူ အ ရေအတွက်မှာ ထို့ထက်လည်း ပို များနိုင်သည်။

ပညာရှင်များစိုးရိမ်နေသည့်နေရာ

dfcuaysfdtfcus 2

မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းရှိ တောင်တန်းများသည် Granite ခေါ် မီးသင့်ကျောက် အမျိုးအစားဖြစ်ပြီး ပုံမှန်ထက် မိုး ကောင်းပါကပြိုကျမည့်အန္တရာယ် ရှိနေသဖြင့် ပညာရှင်များ စိတ် ပူနေကြခြင်းဖြစ်သည်။ လွန်ခဲ့ သည့် နှစ်သန်းပေါင်းများစွာက ချော်ရည်အဖြစ် မြေကြီးထဲမှ တိုး ထွက်လာကာ Granite ခေါ် မီး သင့်ကျောက် အမျိုးအစားဖြင့် ဖွဲ့ စည်းထားသော ယင်းဒေသရှိ တောင်တန်းများသည် လက်ရှိ ကာလကဲ့သို့ မိုးကောင်းနေပါက စိုးရိမ်စရာ အခြေအနေတွင်ရှိနေဆဲဟု မြေပြို၊ တောင်ပြိုမှု (Landslide) နှင့်ပတ်သက်၍ ကျွမ်းကျင်သူများက အထူးတ လည်သတိပေးသည်။

‘‘သဲဖြူကုန်းဖြစ်ရပ်က သေ နတ်မောင်းခလုတ်ကို ဖြုတ်ချ လိုက်သလိုဖြစ်တာ။ တောင်ခြေ မှာ ရှိနေတဲ့ရွာအားလုံး ဒီလောက် မိုးများတဲ့အချိန်မှာ အကုန်သတိ ထားရမှာ။ အခုသေဆုံးတာလည်း များတယ် မဟုတ်လား’’

dfcuaysfdtfcus 1

ယင်းမှာ မလတ်တောင်ပြို ကျလာသည့် ဖြစ်စဉ်နှင့်တစ်ချိန် တည်းတွင် ဒေသတွင်းရှိအခြား သော တောင်နေရာအချို့ပြိုကျ နေ၍ ဆိုးရွားသော တောင်မြေပြို မှု ထပ်ဖြစ်မည်ကို စိုးရိမ်နေသည့် ဘူမိဗေဒပညာရှင် ဦးစိုးသူရ ထွန်း၏ သတိပေးစကား ဖြစ်ပါ သည်။

မလတ်တောင်တွင် သြဂုတ် ၉ ရက်က မြေပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ − MFS)

dfcuaysfdtfcus 2

ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီတွင်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးစိုးသူရထွန်း က လွန်ခဲ့သည့်နှစ်အနည်းငယ်၌ ၎င်းကိုယ်တိုင် မြေငလျင်ဆိုင်ရာ အချက်အလက်များ သွားရောက် လေ့လာဖူးသည့် မွန်-တနင်္လာရီ ဒေသ၏ လတ်တလောရာသီဥတု အခြေအနေနှင့် ရေမြေသဘာဝအ နေအထားအပေါ် စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည်။

‘‘အဲဒီဒေသမှာ နေရာအား လုံးက Granite Area။ ဘယ်ထိ လဲဆို ကော့သောင်းအထိပါပဲ။ မိုး ကောင်းနေပြီဆို အချိန်မရွေးပြို နိုင်တယ်’’ ဟု ဦးစိုးသူရထွန်းက ပြောသည်။

dfcuaysfdtfcus 1

မြေပြိုတောင်ပြိုမှုကို အထူး ပြုလေ့လာနေသော ဘူမိဗေဒ ပညာရှင် နောက်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ထွန်းက ‘‘Granite ကျောက်က ကျောက် ဘဝမှာတော့ မာကျောတယ်။ မြေ ဆီလွှာဘဝရောက်သွားရင်တော့ ကျောက်ဂုဏ်သတ္တိ မရှိတော့ဘူး။ မိုးရေများရင် ပြိုကျတယ်။ သစ် ပင်ကလည်း တဖြည်းဖြည်းနည်း လာတယ်။ မိုးကလည်း များနေ တယ်ဆိုတော့ ထပ်ပြိုဖို့ အလား အလာတွေရှိတယ်’’ ဟု သတိပေး သည်။

စစ်အစိုးရလက်ထက်နမူနာနှစ်ခု

dfcuaysfdtfcus 2

မွန်ပြည်နယ်နှင့် တနင်္သာရီ ဒေသတွင် ၁၉၉၀ နှင့် ၂၀၀၀ ခန့် ကာလကလည်း ယခုလိုမိုးရာသီ တွင် တောင်မြေပြိုမှုဘေး နှစ် ကြိမ်ကြုံခဲ့ဖူးပြီး ရွာလုံးကျွတ် ပျောက်ဆုံးခဲ့သည့် မှတ်တမ်းရှိခဲ့ သည်ဟု ဘူမိဗေဒပညာရှင်များက ဆိုသည်။ ဘေးသင့်ခဲ့သည်မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီအနီးရှိ ကျေး ရွာတစ်ခုနှင့် တနင်္သာရီတိုင်းဒေသ ကြီး လောင်းလုံးမြို့နယ်တွင် ဖြစ် သည်။

‘‘တောင်မပြိုခင်ရက်က တောင်ဘက်ကနေ အသံတွေ ကြားတယ်။ နောက်ရက်တွေ ပြို တာပဲ။ ရွာပါပင်လယ်ထဲရောက် သွားတာ’’ ဟု ပင်လယ်ကမ်းစပ် မြို့ဖြစ်သော လောင်းလုံးမြို့ခံတစ် ဦးက ၁၉၉၆ တွင် ကြုံခဲ့သည့် အ ဖြစ်ဆိုးကို ပြန်ပြောပြသည်။ ထိုစဉ်က ထိခိုက်ပျက်စီးမှု နှင့် လူသေဆုံးမှုများပြားခဲ့သော် လည်း စစ်အစိုးရက ယင်းအဖြစ် ဆိုးနှစ်ခု၏ သတင်းကိုဖုံးအုပ်ထား ခဲ့သည်ဟု ဒေသခံများနှင့်ဘူမိဗေ ဒပညာရှင်များက တညီတညွတ် တည်းပြောသည်။

dfcuaysfdtfcus 1

‘‘အဲဒီအကြောင်းလက်ဖက် ရည်ဆိုင်မှာ ပြောရင်တောင်အ ဖမ်းခံရတဲ့ကာလတွေဆိုတော့ လူ သိနည်းတယ်။ ထားဝယ်မှာ ဖြစ် တာလည်း အတူတူပဲ။ ဖုံးထား တယ်’’ ဟုဦးစိုးသူရထွန်းက ပြော သည်။ လွန်ခဲ့သော နှစ် ၂၀ ကျော် က အထက်ပါ ဖြစ်ရပ်များ လူသိ ထင်ရှားမဖြစ်ခဲ့ခြင်းက သင်ခန်း စာနှင့်တင် ကြိုသတိထားနိုင်မှုကို ပါ ဖုံးအုပ်လိုက်သကဲ့သို့ဖြစ်ခဲ့ပြီး ယခုမလတ်တောင်ဖြစ်ချိန်မှသာ အများသိပြန်လည် ပေါ်ထွက်လာ ခြင်းဖြစ်သည်။

ကြိုတင်ကာကွယ်ရေးအကြံပြုချက်

dfcuaysfdtfcus 2

မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတွင် စက်တင်ဘာ အထိ ပုံမှန်ထက်မိုးကောင်းနေနိုင် ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။ ထို့ကြောင့် ယင်းဒေ သတွင် နေထိုင်သူများအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး ဆောင်ရွက်ရန် လက်နှေးမ နေသင့်ဟု မွန်ပြည်နယ် အစိုးရ အား ဘူမိဗေဒကျွမ်းကျင် ပညာ ရှင်များက တိုက်တွန်းသည်။

‘‘တစ်ရက်အတွင်း မိုးရေချိန် ဘယ်နှလက်မရွာမယ်ဆိုတာကို မိုးလေဝသခန့်မှန်းချက်တွေက ကြိုတင်ခန့်မှန်းပြီး မြေပြိုနိုင်ခြေရှိ တဲ့တောင်ခြေ တောင်စောင်းမှာ နေထိုင်တဲ့သူတွေကို ကြိုတင်သ တိပေးတာတွေ၊ ပြောင်းရွှေ့တာ တွေ လုပ်ဖို့နဲ့ မြေပြိုနိုင်ခြေရှိတဲ့ နေရာနဲ့ဝေးပြီး ခိုင်ခံ့တဲ့ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းတွေကို Temporary Shelter အဖြစ် ကြို တင်သတ်မှတ်ထားဖို့ လိုအပ် တယ်’’ ဟု မြေပြို၊ တောင်ပြိုမှုနှင့် ပတ်သက်၍ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူ ဘူမိဗေဒပညာ ရှင်ဦးကျော်စွာမြင့်သိန်းကတိုက် တွန်းသည်။

dfcuaysfdtfcus 1

၎င်းအနေဖြင့် စိုးရိမ်နေသည် မှာ ပေါင်မြို့နယ် ဇင်းကျိုက် တောင်ခြေတစ်လျှောက် နေထိုင် သူများ၊ ရင်းငြိမ်၊ ဖြူဘ၊ သပြု ချောင်ကျေးရွာများမှ ဒေသခံများ ဖြစ်ပြီး မိုးအဆက်မပြတ်ဆက် လက်ရွာသွန်းပါက တောင်ခြေမှ ဒေသခံများကို ဘေးလွတ်ရာနေ ရာသို့ ယာယီပြောင်းရွှေ့ထားရန် လည်း အကြံပြုသည်။

တောင်မြေပြိုခြင်းကို ကာ ကွယ်ရန် ပညာရှင်များဖြင့် ဆန်း စစ်လေ့လာခြင်း၊ အခြေခံ အ ဆောက်အအုံများ အသုံးပြု၍ ကြို တင်ကာကွယ်နိုင်ရေး ဆောင်ရွက် ခြင်း၊ ဘေးအန္တရာယ်ဇုန်ပြ မြေပုံ ရေးဆွဲခြင်းတို့သည် ငွေကုန်ကြေး ကျများပြီး ရေရှည်စီမံကိန်းဖြစ်သ လို လတ်တလော၌ အသင့်မဖြစ် နိုင်၍ ချက်ချင်းဆောင်ရွက်နိုင် သည့်ပုံစံကို ရွေးချယ်ရန်ဦးစိုးသူရ ထွန်းက အကြံပြုသည်။ မြေပြိုမှုမကြာခဏဖြစ်သည့် အာရှဒေသတွင်း နီးပေါနိုင်ငံတွင် အသုံးပြုနေသည့် ရိုးရာနည်းကို အသုံးပြု၍ တောင်မြေပြိုမှုဘေးမှ ထိခိုက်မှုလျော့နည်းအောင် ဆောင်ရွက်နိုင်သည်ဟု ၎င်းက သာဓကပေးသည်။

dfcuaysfdtfcus 2

‘‘နီပေါမှာ ဘယ်လိုလဲဆို တော့ တောင်နေရာဟိုဘက်ဒီ ဘက်မှာ တိုင်နှစ်တိုင်စိုက်ပြီး ကြိုး တန်းထားတယ်။ အဲဒီကြိုးတင်း လာပြီဆိုတာနဲ့ ရွာထဲမှာ ခေါင်း လောင်းမြည်အောင် လုပ်ထား တယ်။ ပြိုကျတော့မယ်ဆိုတာနဲ့ ကြိုးကတင်းလာပြီး ခေါင်း လောင်းသံမြည်တာနဲ့ အခြေအ နေမဟန်တော့ဘူးဆိုပြီး ရွာက နေရှောင်ကြတယ်။ ကမ္ဘာမှာ လည်း သုံးနေကြတယ်။ ဒီနည်း က လက်တွေ့ကျတယ်။ အကျိုး လည်း ရှိတယ်’’ ဟု ဦးစိုးသူရထွန်း က ပြောသည်။

တောင်မြေသည် ချက်ချင်း ပြိုကျခြင်းမဟုတ်ဘဲ ရက်အနည်း ငယ်အလိုကပင် သဘာဝတရား က အချက်ပြုတတ်သည်ကို သိရှိ လေ့လာရန် လိုအပ်သည်ဟု ပညာရှင်များက အကြံပြုသည်။ တောင်ကြောများအက်ကွဲခြင်း၊ ပြိုကျမည့်မြေလွှာဘက်မှ အပင် များခြောက်သွေ့သွားခြင်း၊ငလျင် လှုပ်ရှားမှုကဲ့သို့ မြေလွှာလှုပ်ခါ ခြင်း၊ တောင်၏တစ်နေရာ၌ မြေ ကျွံကျသည့်ပုံစံဖြင့် အသံမြည် ခြင်းတို့သည် တောင်ပြိုကျခါနီး ပြသသည့်လက္ခဏာများဖြစ် ကြောင်း ၎င်းတို့ကရှင်းပြသည်။

dfcuaysfdtfcus 1

‘‘ဒီလောက် မိုးရွာချိန်မှာ အားလုံးဟာ သတိဝီရိယရှိနေဖို့ လိုတယ်။ ဖြစ်နိုင်ရင် ဘေးလွတ် ရာကို ယာယီရွှေ့ပြောင်းနိုင်ရင် ကောင်းတယ်။ ယာယီရွှေ့ပြောင်း တာက အခြေအနေတော့ခဏ ပျက်တာပေါ့။ ဒါပေမဲ့ ကြောက် တတ်ရင် ၀န်ကင်းတယ် ဆိုတဲ့ စကားရှိတာပဲလေ။ မကြောက် တတ်ရင်ခံရမှာပဲ’’ ဟု ဦးစိုးသူရ ထွန်းက သတိပေးသည်။ တနင်္သာရီတိုင်းဒေသကြီး သည် မွန်ပြည်နယ်ထက် မြေပြိုမှု ဧရိယာကျယ်ပြန့်လေ့ရှိသည်ဟု အတိတ်ကာလဖြစ်ရပ်များကို အခြေခံ၍ ပညာရှင်များက သတိ ပေးထားသည်။

လတ်တလောတွင် မွန်ပြည် နယ်ရှိ ပေါင်၊ ရေး၊ ကျိုက်မရော နှင့် မုဒုံ၊ တနင်္သာရီတိုင်းဒေသကြီး ရှိ လောင်းလုံး၊ ပုလော၊ ရေဖြူ၊ ကျွန်းစုနှင့် မြိတ်မြို့နယ်တို့တွင် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ဩဂုတ် အတွင်း နေအိမ်အလုံးရေ ၅၀ ခန့် သည် မြေပြိုမှုကြောင့် ပျက်စီးခဲ့ သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက မှတ် တမ်းပြုစုထားသည်။

dfcuaysfdtfcus 2

ရေးမြို့နယ် နှင့် ရေဖြူမြို့နယ်တွင် မြေပြိုမှု ကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။ ဩဂုတ် ၁၀ ရက်မြေပြိုမှုကြောင့် လောင်းလုံးမြို့နယ် ရွှေမောဓော စေတီရင်ပြင်တွင် လူ ၂၀ ကျော် နှစ်ရက်ကြာပိတ်မိနေခဲ့ပြီး ခက် ခက်ခဲခဲကယ်ဆယ်ခဲ့ရသည်။ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးသို့ ဆက်သွယ်ထား သည့် အဓိကလမ်းဖြစ်သော ရေး -ထားဝယ်ကားလမ်းရှိ မလွဲ တောင်လမ်းပိုင်းအနီးတွင် ရေ တိုက်စားပြီး မြေပြိုမှုကြောင့် ကား လမ်းကျိုးပျက်ခဲ့သည်။ မြေသဘာ ၀ချင်းတူသော ကယားပြည်နယ် မော်ချီးဒေသတွင်လည်း တောင် မြေပြိုကျမှုဖြစ်နေသည်။

မေးခွန်းထုတ်စရာစီမံခန့်ခွဲမှုများ နှင့် ဒေသတွင်း ကျောက်မိုင်း ပြဿနာ

dfcuaysfdtfcus 1

မလတ်တောင် ပြိုကျပြီး နောက် ဒေသတွင်းရှိ ကျောက် မိုင်းများအား ပြည်နယ်အစိုးရက စနစ်တကျ ကိုင်တွယ်ခြင်း မရှိ သည့်အပေါ် ဝေဖန်သံများ ကျယ် လောင်လာခဲ့သည်။ ပေါင်မြို့နယ် အတွင်းရှိ ကျောက်မိုင်း(ကျောက် ထုတ်လုပ်ရေး လုပ်ငန်း)စီမံကိန်း များနှင့်ပတ်သက်၍ သဘာဝပတ် ၀န်းကျင်ပျက်စီးဆုံးရှုံးမှုနှင့် လူ့အ ခွင့်အရေးချိုးဖောက်ခံရမှုများအ စီရင်ခံစာကို လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက် (ပေါင်မြို့ နယ်)က ၂၀၁၇ အတွင်း ထုတ် ပြန်သတိပေးခဲ့သည်။ သို့သော် အစီရင်ခံစာပါ အကြံပြုချက်များ ကို ပြည်နယ်အစိုးရက လိုက်ပါ ဆောင်ရွက်မှုပျက်ကွက်ခဲ့သည် ဟု ဒေသတွင်းအရပ်ဘက်အဖွဲ့ အစည်းအချို့က ပြောသည်။

မွန်ပြည်နယ်တစ်ပြည်နယ် လုံးတွင် တောင်မြေတူးဖော်ခွင့် မပြုကြောင်း၊ တူးဖော်ပါက အရေးယူမည်ဟု မလတ်တောင် ပြိုပြီးချိန်မှ ပြည်နယ်ဝန်ကြီးချုပ် က မီဒီယာများအား ပြောကြားခဲ့ ရာ ယင်းပြောစကားသည် လက် တွေ့မကျဟု ၎င်းတို့ကဝေဖန်ကြ သည်။ ပြည်နယ်ဝန်ကြီးချုပ်တာ ၀န်မယူမီ လွှတ်တော်ကိုယ်စား လှယ်အဖြစ်ရှိနေစဉ်က ဒေသ တွင်းကျောက်မိုင်းထုတ်လုပ်ရေး လုပ်ငန်းများကို စောင့်ကြည့်လေ့ လာခဲ့ဖူးသည့် မှတ်တမ်းများရှိ သော ဒေါက်တာ အေးဇံတွင် မလတ်တောင်ကဲ့သို့ ပြိုကျမှုမျိုး နောက်ထပ်မဖြစ်အောင် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို အ ဖြေတိတိကျကျ မပေးနိုင်သေး ပေ။ တောင်ပြိုမှုကို လေ့လာရန် ဘူမိဗေဒပညာရှင်များအား ဩ ဂုတ် ၁၂ ရက်အထိ ကမ်းလှမ်း ခြင်းမရှိသေးဘဲ ပြည်နယ်အစိုးရ အနေဖြင့် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း ဒေါက်တာကျော် ထွန်းနှင့် ဦးကျော်စွာမြင့်သိန်းတို့ က တိုက်တွန်းနေသည်။

dfcuaysfdtfcus 2

‘‘မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရှိတယ်။ ဘူမိသိပ္ပံအသင်း ရှိတယ်။ အခုပတ်ဝန်းကျင်အသင်းရှိတယ်။ ပြည်နယ်အစိုးရက သူတို့ကို ဖိတ်ခေါ်ဆွေးနွေးသင့် တယ်’’ ဟု ဦးကျော်စွာမြင့်သိန်း က ပြောသည်။ တောင်မြေပြိုကျမှုကို ဖြေရှင်းမည့် အကြမ်းဖျင်းအစီအစဉ်ကို ၀န်ကြီးချုပ်က ပြောသည့် စကားများမှာလည်း ပညာရှင်များ ၏ သုံးသပ်ချက်နှင့် လွဲချော် နေသည်။

ဩဂုတ် ၁၂ ရက်တွင် ဒေါက်တာအေးဇံက ‘‘ဒီတောင် တန်းတစ်ခုလုံးကို နည်းပညာအ သစ်တွေနဲ့ရှာမယ်။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားနည်းပညာတွေနဲ့ ရှာမယ်။ ဘယ်နေရာ ဘာဖြစ်နိုင် လဲဆိုတာ တောင်တန်းတစ်ခုလုံး ဆက်ရှာဖွေသွားမယ်။ အချိန်အ တိကျတော့ မပြောနိုင်ဘူး။ လုပ် ရမှာက တစ်ရက်၊ နှစ်ရက်လုပ်ရ မယ့်ကိစ္စလည်းမဟုတ်ဘူး။ တစ် လ၊နှစ်လလုပ်ရမည့်ကိစ္စလည်း မဟုတ်ဘူး။ ခြောက်လ၊ တစ်နှစ် လုပ်ရမယ့်ကိစ္စ’’ ဟု ဆိုသည်။

dfcuaysfdtfcus 1

တောင်တန်းတစ်ခုလုံးကို လေ့လာရေး လုပ်ငန်းစဉ်သည် ပညာရှင်များ၊ အဆင့်မြင့်နည်း ပညာများဖြင့် ဆယ်စုနှစ်တစ်စု ခန့်အနည်းဆုံးကြာအောင် တိုင်း တာရမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်းချီကုန်ကျနိုင်သည်ဟု ပညာ ရှင်များက သုံးသပ်သည်။ လတ်တလောတွင် မလတ် တောင်ပတ်ဝန်းကျင်ဒေသ အချို့ နေရာများ၌ ထပ်မံပြိုကျနိုင်သည့် အခြေအနေများ ရှိနေသော ကြောင့် တောင်ဘေးပတ်ဝန်းကျင် ဧရိယာကို ဇုန်သုံးခုခွဲကာစောင့် ကြည့်အဖွဲ့ဖွဲ့၍ ကင်းစောင့်သွား မည်ဟု မွန်ပြည်နယ် မီးသတ်ဦးစီး ဌာနကဆိုသည်။ ယင်းသည် လတ်တလောဖြေရှင်းချက်သာ ဖြစ်ပြီး ရေရှည်အတွက် ပြင်ဆင် ဆန်းစစ်ရန် လိုအပ်သည်ဟု ဘူမိ ဗေဒပညာရှင်များက ထောက်ပြ သည်။

အစိုးရ၏ အနာဂတ်အစီ အမံနှင့်ပတ်သက်လျှင် တောင် မြေထပ်မံပြိုကျမည်ကို စိုးရိမ်နေရ သည့်အခြေအနေအား အဖြေရှာ နိုင်ရန် ပြည်ထောင်စုအဆင့် ပညာရှင်များအမြန်ဆုံးစေလွှတ် ပေးမည်ဟု မလတ်တောင်မြေပြို မှုဖြစ်စဉ်အား လာရောက်စစ် ဆေးခဲ့သည့် ဒုတိယသမ္မတဦးဟင် နရီဗန်ထီးယူက ပြောကြားထား သည်။

dfcuaysfdtfcus 2

မလတ်တောင် မြေပြိုကျမှု ဖြစ်စဉ်တွင် ဘေးသင့်ခဲ့သူများ၏ မိသားစုဝင်များဘ၀ပြန်လည်ထူ ထောင်ရေး အမြန်ဆုံးအကောင် အထည်ဖော်ပေးမည်ဖြစ်ပြီးအနာ ဂတ်ဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်အတွက် ပညာရှင်များ နှင့်လည်း တွေ့ဆုံမည်ဟု လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာဝင်းမြတ်အေးကလည်း ဆို ထားသည်။

မွန်နှင့် တနင်္သာရီဒေသ၏ သဘာဝရေမြေအနေအထားနှင့် လတ်တလောဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေအပေါ် စိုး ရိမ်စိတ်မကင်းဖြစ်နေသည့် မြေ ငလျင်ပညာရှင်ဦးစိုးသူရထွန်းက တော့ ‘‘ကွယ်လွန်တဲ့သူတွေအ တွက် ၀မ်းနည်းပေမယ့် နာဂစ်လို ပဲ သင်ခန်းစာလေ။ သင်ခန်းစာ ယူနိုင်မယ်ဆိုရင်တော့ ဒီလောက် မိုးရွာချိန်မှာ အားလုံးဟာ သတိ ၀ီရိယရှိနေဖို့လိုတယ်’’ ဟု အကြံ ပြုလေသည်။

Facebook Comments

Comments are Closed

Powered by M.N.T

78 Shares
Share78
Tweet
Share
Pin