Gyan Pone

Media, Entertainment and News Website

Local News

တီးတိန်မြို့နယ်တွင် မြေပြိုကျမှု ဖြစ်ပွား

hguytyt456478658765yutyuruyt5765467rtyr65465rty546

တီးတိန်မြို့နယ်တွင် မြေပြိုကျမှု ဖြစ်ပွား

hguytyt456478658765yutyuruyt5765467rtyr65465rty546

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ထေးဇန်ကျေးရွာအနီးတွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြေပြိုကျမှုများ သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ ဖြစ်ပွားလျက်ရှိကြောင်း ထေးဇန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ခန့်မုန်က ပြောကြားသည်။

hguytyt456478658765yutyuruyt5765467rtyr65465rty546

မြေသားပြိုကျသည့်နေရာသည် ၂၀၁၅ ခုနှစ် သဘာဝဘေးဖြစ်ပွားစဉ်က မြေပြိုကျခဲ့သည့်နေရာတွင်ဖြစ်ပြီး ယခု မြေပြိုကျသည့်နေရာသည် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့် ပေ ၃၀၀ ခန့် အကွာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

hguytyt456478658765yutyuruyt5765467rtyr65465rty546

“မြေအက်ကွဲထားတဲ့နေရာက မိုးရွာတဲ့အခါ တဖြည်းဖြည်းနဲ့ ကျသွားတာ။ ထပ်ပြီးတော့ အက်ကွဲတာတော့ မရှိသေးပါဘူး။သိပ်စိုးရိမ်စရာတော့ မရှိပေမယ့် ဆက်ပြိုမယ်ဆိုရင် စာသင်ကျောင်းကတော့ ပါသွားနိုင်တယ်” ဟု ၄င်းက ဆိုသည်။

hguytyt456478658765yutyuruyt5765467rtyr65465rty546

ထေးဇန်ကျေးရွာသည် ကလေး-ဖလမ်း-ဟားခါး ကားလမ်းမဘေး ကလေးမြို့မှ ၁၇ မိုင်ခန့် ကွာဝေးသည့် နေရာတွင် တည်ရှိပြီး အိမ်ခြေ ၁၂၀ ခန့် ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ ကျော်ရှိ တောင်တန်းပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် ကျေးရွာအောက်တွင် မြေပြိုကျမှုကြောင့် လူနေအိမ်အဆောက်အဦးများ ထိခိုက်မှုမရှိစေရေး ဆက်လက်စောင့်ကြည့်မှု ပြုလုပ်လျက်ရှိသည်။

Facebook Comments

182 Shares

Comments are Closed

Powered by M.N.T