Gyan Pone

Media, Entertainment and News Website

Local News

တရုတ်စစ်သားများ မြောက်ပိုင်းသုံးဖွဲ့တွင် ပါဝင်နေတယ်ဆိုတဲ့ သတင်းကို စီစစ်နေကြောင်း တပ်မတော်ကပြော

trujrtyu56785678tyui5678tyui5678

တရုတ်စစ်သားများ မြောက်ပိုင်းသုံးဖွဲ့တွင် ပါဝင်နေတယ်ဆိုတဲ့ သတင်းကို စီစစ်နေကြောင်း တပ်မတော်ကပြော

ertoiy3049568734095790689034toyiertopyi39045607989eroptyi35967 4

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဘက်က နေ တရုတ်ကြေးသားစစ်သားတွေ ပါဝင်မှု ရှိနေတယ်ဆိုတဲ့ သတင်းကို စိစစ်နေတယ်လို့ တပ်မတော်သတင်း မှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

retyuertiyurte4956839567retoiy3450968oetiy349586 1

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တပ်ရင်းဌာနချုပ် အနီးပတ်ဝန်းကျင်၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတ က္ကသိုလ်၊ မူးယစ်ဆေး ရှာဖွေရေးနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ အပါအဝင်နေရာ ၅ နေရာကို တအာင်းလက် နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

retyuertiyurte4956839567retoiy3450968oetiy349586 2

အဲဒီလို တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ တရုတ်ကြေးသားစစ်သားတွေ ပါဝင်နေမှု ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပြီး၊ လောက်ကိုင်ဒေသမှာ ဖြစ်ခဲ့တဲ့တုန်းကလည်း အခုလို အခြေအနေမျိုးတွေ ရှိခဲ့ ကြောင်းနဲ့ MNDA (ကိုးကန့် လက်နက်ကိုင်အဖွဲ့) ပြောတဲ့စကားဟာလည်း တရုတ်စကားပဲ ဖြစ်တယ်လို့ ဗိုလ် ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

retyuertiyurte4956839567retoiy3450968oetiy349586 4

“ ကျွန်တော်တို့ သတင်းတွေ စိစစ်နေဆဲ ဖြစ်ပါတယ်၊ အမျိုးမျိုးသတင်းတွေ တက်ကြတဲ့ အထဲမှာ တရုတ်စကား ပြောတယ်တို့ ဒေသခံရှမ်းစကား နားမလည်ဘူးတို့ မြန်မာစကား နားမလည်ဘူးတို့ ဒီလိုတွေပါနေတာ ဖြစ်တဲ့အ တွက် ကျွန်တော်တို့ လောက်ကိုင်ဒေသမှာ ဖြစ်ခဲ့တဲ့တုန်းက ဒီအခြေ အနေမျိုး တွေရှိခဲ့ပါတယ်၊ ဒါပေမယ့် MNDA က ပြောတဲ့စကားကလည်း တရုတ်စကားပဲ ဖြစ်တယ် “လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

trujrtyu56785678tyui5678tyui5678

ဒါအ့ပြင် အခုလို တိုက်ခိုက်မှုလုပ်ရက်ဟာ ပြည်သူ့အကျိုးကို ဖျက်ဆီးတဲ့ အဖျက်အမှောက် အကြမ်းဖက် လုပ် ရပ် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Facebook Comments

2K Shares

Comments are Closed

Powered by M.N.T