Gyan Pone

Media, Entertainment and News Website

Local News

နှောင့်ယှက်မှု မရပ်ပါက မြောက်သုံးကောင်အား အပြတ်ရှင်းမည်ဟု သမ္မတရုံးပြော

dflkghjpeorit78y95493967 303tuyoerituy35498657959y9rety

အရပ်ဘက် ပစ်မှတ်ထားမှု နှင့်ကုန်သွယ်ရေးလမ်း နှောင့်ယှက်မှု မရပ်ပါက နောက်ဆက်တွဲဖြစ်ရပ်များ ရှိလာမည်ဟု သမ္မတရုံးပြော

dflkghjpeorit78y95493967 303tuyoerituy35498657959y9rety

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များအနေဖြင့် အရပ်ဘက် ပစ်မှတ်များ ကို ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းကြောင်း နှောင့်ယှက်မှု လုပ်ရပ်များ မရပ်ပါက နောက်ဆက်တွဲ ဆောင်ရွက်ချက် များ ရှိလာမည် ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြော သည် ။

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ သြဂုတ် ၃၁ ရက်က ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးစဉ် အစိုးရ၏ လိုလားချက်ကို လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

iehugifdjhg843746589884 1

‘‘ဒီနေ့ အစိုးရဘက်က ပြောတာက ဒီလိုမျိုးသေဆုံးမှုတွေ၊ အပြစ်မဲ့ပြည်သူတွေ ဖြစ်နေတဲ့အ

တွက် ရပ်ပေးဖို့၊ အထူးသဖြင့် ကျွန်တော်တို့ ပြောတာက ပြည်ထောင်စုလမ်းမကြီး၊ ဒါမျိုးတွေ မလုပ်ဖို့ အစိုးရဘက်က ပြောတယ်။ပြောတဲ့အပေါ်မှာ EAOက ခေါင်းဆောင်တွေ၊ သူတို့ ခေါင်းဆောင်တွေ ပြန်ဆွေးနွေးမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့က အစိုးရအနေနဲ့ ပြည်သူတွေ ဒုက္ခရောက်တာ မလိုလားဘူး။ ဒီပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေတာ မလိုလားဘူး။

iehugifdjhg843746589884 2

အရပ်သားပြည်သူတွေ ဒုက္ခရောက်နေတာ မလိုလားဘူး ။ အဲဒီအတွက် ကျွန်တော်တို့ ဘက်က တောင်းဆိုတယ်။ ဒီအပေါ်မှာ EAO ရဲ့ သဘောထားအပေါ် မူတည်တယ်။ အဲဒီအပေါ်မှာ သူတို့ ရပ်ခြင်း၊ မရပ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ နောက်ဆက်တွဲသူ့ဟာသူတော့ ဖြစ်လာလိမ့်မယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့ဆွေးနွေးပွဲ ကျင်းပနေစဉ် ကွတ်ခိုင်၌ တိုက်ပွဲဖြစ်ပွား၍ အရပ်သားများ သေဆုံးထိခိုက်မှုကို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဦးဇော် ဌေးက ပြောသည်။

‘‘ဒီအပြစ်မဲ့ အရပ်သားပြည်သူတွေက တိုင်းရင်းသား အခွင့်အရေးကို ဘယ်လိုနစ်နာနေလဲ။ အဓိက တိုင်းရင်းသားတွေ၊ အခုဆိုရင် ကချင်တိုင်းရင်းသားတွေ လည်းပါတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့အထဲမှာ၊ စစ်ရဲ့သဘောအရ ဒီလိုမျိုး ဖြစ်လာတဲ့အချိန်မှာ အရပ်သားပြည်သူတွေ ထိခိုက် နစ်နာတယ်။ အရပ်ဘက်ပစ်မှတ် တွေ တိုက်ခိုက်တာ အကြမ်းဖက် လုပ်ရပ်ပဲ။

iehugifdjhg843746589884 1

ဒါက အစိုးရတရားဝင်ထုတ်ပြန်ထားတဲ့ သဘောထား ဖြစ်တယ်။ နံပါတ်(၁) အစိုးရ ပေါ်လစီကရှင်းတယ် ဒီလိုမျိုးအရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခြင်းသည် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ နံပါတ်(၂) ဒီလိုလက်နက်ကိုင်ပြီး ဒီလိုတိုက်ခိုက်နေလို့ လည်း အဖြေမထွက်ဘူး။

နှစ်ပေါင်း (၇၀)ကျော် တိုက်လာတယ်။ တိုင်းရင်းသားတန်းတူရေး အတွက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပေါ့နော် ဒါတွေရဖို့အတွက် တိုက်လာတာ။ တိုက်လာပေမယ့် ဒီနေ့အထိ ဘယ်အဖြေထွက်လဲ။ အဖြေမထွက်ဘူး။ ဒီတိုက်ပွဲတွေကြောင့် နိုင်ငံကခေတ်နောက်ကျ သွားတာပဲ ရှိတယ်’’ဟု ဦးဇော်ဌေးကပြောသည်။

တိုက်ပွဲများအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုအ ပါအ၀င် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးခဲ့သည်ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

idfhuvihdifuhv8y 2

ဦးဇော်ဌေးကလည်း သြဂုတ်၁၅ ရက် တိုက်ခိုက်မှုဖြစ်စဉ်များအပြီး တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် များကို သွားရောက်တိုက်ခိုက်ခြင်း မရှိဘဲ နယ်စပ် ကုန်သွယ်ရေးလမ်း ကြောင်း ရှင်းလင်းရေးကိုသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံ ကုန်သွယ်မှုလုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းခန့်ရှိ သော မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှု ကြောင့် ဒေသခံများသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများ ဒုက္ခကြုံတွေ့ရကြောင်း ၎င်းကဆိုသည်။

Facebook Comments

247 Shares

Comments are Closed

Powered by M.N.T