Gyan Pone

Media, Entertainment and News Website

Local News

ပုဏ္ဏားကျွန်း ယိုးတရုတ်ကျေးရွာ ဒုစခန်းမှူး ဓားထိုးခံရပြီး သေဆုံး

gfjkshgfjkdsj86543756

ပုဏ္ဏားကျွန်း ယိုးတရုတ်ကျေးရွာ ဒုစခန်းမှူး ဓားထိုးခံရပြီး သေဆုံး

gfjkshgfjkdsj86543756

“ဒီကနေ့ မနက်က ဖြစ်သွားတာ။ လင်မယားနှစ်ယောက် ဈေးဝယ်ဖို့ ရွာထဲဈေးက ဈေးဝယ်ပြီးအပြန် ဈေးနားလမ်းမှာ ဓားနဲ့ထိုးခံရတာ။ လူအုပ်စုတစု လာရောက်ထိုးသွားတာ လို့ပြောတယ်။ ရဲမှာတော့ ထိုးသွင်းဒဏ်ရာ ၁၄ ချက် ရတယ်။ ယိုးတရုတ်ဆေးရုံမှာ သေဆုံးသွားတယ်။” ဟု အမည်မဖော်လိုသူ ကျေးရွာသားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲကင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုစခန်းမှူးတဦး ဒီနေ့မနက်ပိုင်းက ဓားထိုးခံရလို့ ယိုးတရုတ်ဆေးရုံမှာ သေဆုံးသွားပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ဒုစခန်းမှူးဟာ ဇနီးဖြစ်သူနဲ့ ယိုးတရုတ်ကျေးရွာဈေးမှာ ဈေးဝယ်ပြီးအပြန် ချောင်းဝစုနဲ့ ချောင်းဖျားစု လမ်းကြားဈေးနားမှာ အမည်မသိ လူတစုက ဓားနဲ့ထိုးသတ်ခဲ့တာလို့ အမည်မဖော်လိုသူ ကျေးရွာသားတဦးက ပြောပါတယ်။

gfjkshgfjkdsj86543756

ဒီကနေ့ မနက်က ဖြစ်သွားတာ။ လင်မယားနှစ်ယောက် ဈေးဝယ်ဖို့ ရွာထဲဈေးက ဈေးဝယ်ပြီးအပြန် ဈေးနားလမ်းမှာ ဓားနဲ့ထိုးခံရတာ။ လူအုပ်စုတစု လာရောက်ထိုးသွားတာ လို့ပြောတယ်။ ရဲမှာတော့ ထိုးသွင်းဒဏ်ရာ ၁၄ ချက် ရတယ်။ ယိုးတရုတ်ဆေးရုံမှာ သေဆုံးသွားတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ပြည်နယ်ရဲမှူးကြီး ကြည်လင်းကို ဒီဗွီဘီက ဒီကနေ့မနက် ဆက်သွယ်မေးရာမှာတော့ အဲဒီကိစ္စကို စိစစ်တုန်းပါခင်ဗျာလို့ ပြောဆိုပြီး ဖုန်းချသွားပါတယ်။

ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းက သေဆုံးသွားသူဟာ ဒုစခန်းမှူး ဇော်မင်းဌေး ဖြစ်ပြီး ယိုးတရုတ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ကျော်ပြီလို့ သိရပါတယ်။အမည်မဖော်သူ အရာရှိတဦးက အလောင်းကို လောလောဆယ် ယိုးတရုတ်ဆေးရုံမှာ ထားတယ်။ ပုဏ္ဏားကျွန်းက အရေးပေါ် လူနာတင် ကားရောက်နေတယ်။ စစ်တွေ ယူမလား၊ ပုဏ္ဏားကျွန်း ယူမလားမသိဘူး။ကျးရွာဒေသခံတွေက တော်တော်လေးကို စိုးရိမ်နေကြတယ်။ ဟိုတခါကလည်း အဲဒီလို တခါ ဖြစ်ဖူးတယ်လေ။

gfjkshgfjkdsj86543756

ယိုးတရုတ်ကျေးရွာမှာ အိမ်ထောင်စု ၁၅၀၀ ကျော်လောက်ရှိပြီး ယိုးတရုတ်ကျေးရွာက ရဲအရာရှိ ဓားထိုးခံရတာနဲ့ပတ်သက်လို့ လောလောဆယ် တရားခံကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ညကလည်း​ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်ဟာအမည်မသိလူတယောက် ဓားနဲ့ထိုးခဲ့တာကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မေလ ၉ ရက်ကလည်း ယိုးတရုတ်ရဲကင်းကို ရက္ခိုင့်တပ်တော် အေအေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

Facebook Comments

130 Shares

Comments are Closed

Powered by M.N.T