Gyan Pone

Media, Entertainment and News Website

Local News

FACEBOOK မှာပုံတစ်ပုံအတင် ခံရလို့ ခ လေးမ လေးအဆိပ်သောက်သေဆုံး

hjgkfsdhg85437 1

FACEBOOK မှာအတင်ခံရတဲ့ ပုံတစ်ပုံကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ (၉) တန်းကျောင်းသူလေး

hjgkfsdhg85437 1

“ သွားနှင့်တော့ ကလေးရေ….စိတ်မကောင်းဘူး ကလေး….ဘာမဟုတ်တဲ့ အရာလေးအတွက်နဲ့ကလေးတစ်ယောက် အသက် ဆုံးရှုံးခဲ့ရတယ်။ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဘူး ကလေးရယ်……သူငယ်ချင်း တစ်ယောက်က စနောက်ပြီး FB ပေါ် တင်လိုက်တဲ့ ပုံတစ်ပုံ ကြောင့် အဆိပ်သောက် သေ သွားတယ်တဲ့ …။

ကိုယ့် တူမလေး သူငယ်ချင်း ၉တန်းကျောင်းသူလေးပါ …။ စိတ်မကောင်းဘူး ကလေးရယ်…ခုခေတ်မှာ တချို့ လူကြီးမိဘတွေ ကလေးတွေကို ဆုံးမတာလေးတွေ လမ်းတွေ လွဲနေတယ်လို့ ထင်မိပါတယ် ။ရွာမှာ ဒီလိုနဲ့ အဆိပ်သောက်တဲ့ ကလေးတွေ များနေပြီ …။ပြီးတော့ ကလေးတွေကို လူကြီး မပါပဲ ဒီလို အဆိပ်တွေ ဆိုင်တွေက မရောင်းသင့် ဘူးလို့ မြင်မိပါတယ် …။

hjgkfsdhg85437 2

လူကြီး တောင်မှ ဝယ်ရင် စိုက်ပျိုးရေးသမား လိုအပ်တဲ့ လူတွေကိုသာ သေချာ မေးမြန်းပြီးမှ ရောင်းသင့်ပါတယ် …။ကံကြောင့်လို့ ဖြေသိပ် နေရပေမယ့် တခနလေး အတွင်းမှာ ဖြစ်သွားတာလေးက ဘယ်လိုမှ မယုံကြည်နိုင်ဘူး …။

FB ပေါ် စနောက်ပီး ပုံတင်တဲ့ သူငယ်ချင်း အပြစ်လား …?သူ့ကို အဆိပ် ရောင်းလိုက်တဲ့ ဆိုင်ရှင် အပြစ်လား …?သူ့ရဲ့ စိုးရိမ်လွန်တဲ့ ကြောက်စိတ်က အပြစ်လား …?ဘယ်အရာကို အပြစ်တင်ရမှန်း မသိတော့ဘူး ကလေးရယ်…ဖြစ်လေရာ ဘဝမှာ ဒီလိုမျိုးတွေ ထပ် မဖြစ်ပါစေနဲ့ကွယ်…..” ဆိုပြီး ကျောင်းသူလေးရဲ့ ဆွေမျိုး ဖြစ်သူက Post တင်ထားပါတယ် …။

hjgkfsdhg85437 3

ဒီသတင်းကို ဆက်လက်စုံစမ်းကြည့်တဲ့ အခါမှာတော့ ….သူ့ကို ကြိုက်တဲ့ ကျောင်းသား တစ်ယောက်က သူ့ရှေ့မှာ ဒူးထောက်ပြီး အဖြေတောင်းတာကို သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ပြီး Facebook မှာ တင်လိုက်တာပါ။ ဒါကို ဆရာက သိသွားတော့ ကောင်မလေးကို ဆူတယ်လို့ ပြောတယ် …။

hjgkfsdhg85437 4

ရိုက်တယ်လို့လဲ ကြားတယ် ..အဲဒါကြောင့် အရမ်းရှက်ပြီး စိုက်ပျိုးရေးပစ္စည်း ရောင်းတဲ့ဆိုင်က ပိုးသတ်ဆေး ဝယ်ပြီး သောက်သေသွားတာ လို့ သိရပါတယ် …။မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းရွာမှာ ဖြစ်သွားတာပါ …။

Facebook Comments

350 Shares

Comments are Closed

Powered by M.N.T