Gyan Pone

Media, Entertainment and News Website

Local News

အချစ်ဆိုတာ အသက်ရွယ်ပေါ်မှာ မမှီတည်ဘူးဆိုတဲ့ အချောလေး

jfdhgfjds746327346 1

အချစ်ဆိုတာ အသက်ရွယ်ပေါ်မှာ မမှီတည်ဘူးဆိုတဲ့ အချောလေး

jfdhgfjds746327346 1

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တရုတ်လူမှုကွန်ယက် “ဝီဘို” မှာ မင်္ဂလာမောင်နှံစုံတွဲ တစ်တွဲရဲ့ မှတ်တမ်းဓါတ်ပုံတွေက ပျံ့နှံ့သွားပြီး လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ အပြုံးချိုချိုလေးနဲ့ ချောမောလှပနေတဲ့ သတို့သမီးက တရုတ်ရိုးရာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သားရဲ့ လက်ကိုချိပ်ထားပါတယ်။

jfdhgfjds746327346 2

ဒီပုံက အွန်လိုင်းပေါ်က လူတွေအတွက် သိပ်မထူးဆန်းပေမယ့် သူတို့ရဲ့ လက်ထပ်စာချုပ်ကို ရိုက်ထားတဲ့ ဓါတ်ပုံကတော့ အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

jfdhgfjds746327346 3

စာချုပ်အရ သတို့သားဟာ ၁၉၅၇ ခုနှစ်ဖွားဖြစ်တာကြောင့် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး သတို့သမီးကတော့ ၁၉၉၁ ခုနှစ်မွေးတာကြောင့် အခုမှ အသက် ၂၈ နှစ်ပဲရှိတာကို တွေ့လိုက်ရပါတယ်။ အသက် ၃၄ နှစ်တောင် ကွာခြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာပါ။

jfdhgfjds746327346 4

ဓါတ်ပုံတွေအရ သတို့သားဟာ သူနဲ့သက်တူရွယ်တူ အပေါင်းအသင်းတွေ ခြံရံပြီး မင်္ဂလာပွဲကို ရောက်လာခဲ့ပါတယ်။ မင်္ဂလာခန်းမအပြင်ဘက်မှာ ရိုးလ်ရွိုက်စ်ကားတွေ တန်းစီပြီး ရပ်ထားတဲ့ ပုံကို တွေ့လိုက်ရတော့မှ “ဪ.. ဒါကြောင့်ကိုး ဒီကောင်မလေး ဉာဏ်ကောင်းတယ်၊ နောက်သုံးလေးနှစ်ဆိုရင် သူဌေးမကြီးဖြစ်ပြီ” လို့ မှတ်ချက်ထောပနာ ဝိုင်းပေးကြပါတယ်။

jfdhgfjds746327346 5

မင်္ဂလာဆောင် လက်ဖက်ရည်ကြမ်းကမ်းတဲ့အချိန်မှာတော့ သတို့သားထက် အနည်းငယ်ပိုငယ်တဲ့ သတို့သမီးရဲ့ မိဘနှစ်ပါးကိုလည်း တွေ့လိုက်ရပါတယ်။ သူတို့တွေက သားမက်ရဲ့ရှေ့မှာ မျက်နှာပြရခက်နေပါတယ်။

jfdhgfjds746327346 6

မည်သို့ပင်ဆိုစေကာမူ သတို့သမီးလေးရဲ့ မျက်နှာကတော့ ဝင်းပနေပြီး အခုလို လက်ထပ်တာဟာ တစ်စုံတစ်ယောက်က အတင်းအကြပ်တိုက်တွန်းတာမျိုးမဟုတ်ပဲ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်၊ ဒါ့အပြင် သူ့မိဘတွေနဲ့ အပေါင်းအသင်းတွေ အားလုံးကြားအောင် အိမ်ထောင်ဖက်နဲ့အတူ မျိုးဆက်သစ်တွေ မွေးဦးမယ်လို့ အော်ပြောခဲ့ကြောင်း သိရပါတယ်။

jfdhgfjds746327346 7

ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ အသက်အရွယ်ပေါ်မှာ မမှီတည်ဘူးဆိုတာကိုတော့ အချောလေးက ကောင်းကောင်းသက်သေပြသွားခဲ့ပါတယ်။ ဒါဆို ဘယ်ပေါ်မှီတည်လဲလို့တော့ မမေးရဘူးနော်…။

Facebook Comments

26 Shares

Comments are Closed

Powered by M.N.T