Gyan Pone

Media, Entertainment and News Website

Local News

Victoria လေးအမှု့မှာ ကျူးလွန်သူကို မမိမချင်း သူတို့ ဘဝတွေ ပြန်ရဖို့ ခက်ခဲ့ပါပြီ

piohufogihuiukghygo

Victoria လေးအမှု့မှာ ကျူးလွန်သူ ကို မမိမချင်း သူတို့ ဘဝတွေ ပြန်ရဖို့ ခက်ခဲ့ပါပြီလို့ ပြောလာတဲ့ သက္ကမိုးညို

piohufogihuiukghygo

သမီးလေး ကိစ္စမှာ အမှန်တရားအတိုင်း ဖြစ်မှ နစ်နာသူတွေ ပြန်လည်ကုစားလို့ ရပါမယ်။အခု အားလုံးလည်း သိနေပြီမို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။အများပြည်သူက ထင်နေကြတဲ့ ဒေါ်ဥမ္မာလှိုင် သားနှစ်ယောက်သည် အောင်ကြီးကို ထောင်ချလိုက်ရုံနဲ့ သူတို့ ဘ၀ ပြန်လည် ကုစားလို့ ရမှာ မဟုတ်ပါဘူး။အောင်ကြီးသည် တရားခံ အစစ် ဖြစ်ပါတယ် ဆိုတာကို အများပြည်သူ ပွင့်လင်းမြင်သာစွာ သံသယ ရှင်းရှင်း မြင်ရမှသာ သူတို့နှစ်ယောက်ရဲ့ နစ်နာမှုအတွက် ပြည်လည် ကုစားလို့ ရမှာပါ။ တကယ်လို့ သူတို့ နှစ်ယောက်ထဲက တယောက်က တရားခံ ဖြစ်နေရင်ပဲ ဖြစ်ဖြစ်၊ အောင်ကြီးရယ်၊ သူတို့ နှစ်ယောက်ရယ် မဟုတ်ပဲ နောက်ထပ် တရားခံ တယောက်ထပ်တွေ့တာပဲ ဖြစ်ဖြစ် ထပ်တွေ့သော တရားခံသည် စစ်မှန်သော တရားခံ ဖြစ်ကို ဖြစ်ရပါမယ်။

piohufogihuiukghygo

စစ်မှန်သော တရားခံဖြစ်ကြောင်း ပြတ်သားတိကျ အားကောင်းသော သက်သေ ဖြစ်ရပါမယ်။ ဒါမှသာ သူတို့ နှစ်ယောက်ရဲ့ ဘဝကို ပြန်ရပါမယ်အခု အချိန်မှာ ဝိုးတိုးဝါးတားနဲ့ အောင်ကြီး ဟုတ်သလိုလို၊ မဟုတ်သလိုလို မပြတ်မသား သက်သေနဲ့ ထောင်ကျသွားရင် ကလေး နှစ်ယောက် ဘ၀ သေပါပြီ။ သူတို့အတွက် နစ်နာပါတယ်။အနည်းဆုံး မကျူးလွန်ခဲ့သူ တယောက် ကျန်နေတယ် ထားဦး၊ အဲဒီ မကျူးလွန်သူအတွက် နစ်နာလွန်းလှပါတယ်။ဒီလို နစ်နာအောင် မင်းရေးခဲ့တာလေလို့ ပြောလာမယ့်သူတွေ ရှိပါလိမ့်မယ်။ ကျွန်တော့် စာ အစဉ်အဆက်ကို ဖတ်ကြည့်ပါ။ ကလေးနှစ်ယောက် အကြောင်း မပါပါဘူး။ ကလေးနှစ်ယောက်ကို ထင်တယ်လို့ ထုတ်ဖေါ်ခဲ့သူက သတ်သတ်ပါ။

piohufogihuiukghygo

နောက်တခု၊ ဒီလို နစ်နာမှု ဖြစ်စေတာသည် ကျောင်းဘက်က ကုစားမှု နောက်ကျတာကြောင့်ပါ။ Wisdom Hill ဘက်က ကြေငြာချက်ကို ဖတ်ရပါတယ်။ တောင်းပန်ထားတာလည်း တွေ့ပါတယ်။ ဒီအချိန်မှာ နာဂစ်ကို အမှတ်ရမိပါတယ်နာဂစ်ဝင်ပြီး တရက်အတွင်း ကယ်ဆယ်ရေး ဝင်တာနဲ့ ခုနစ်ရက်လောက်နေမှ ကယ်ဆယ်ရေး ဝင်တာ ကွာခြားလွန်းပါတယ်။ Damage Management ရဲ့ သော့ချက်သည် timing ပါပဲ။ ကျောင်းဘက်ကို ကလေးမိဘတွေ လာတုန်းက ဒီကြေညာချက်ထုတ်ခဲ့ရင်လို့ ကျွန်တော် ကြေကြေကွဲကွဲ တွေးနေမိတယ်။ တကယ်ပဲ သမီးလေးအပေါ် စာနာစွာနဲ့ ဖေးမခဲ့ရင်လို့ တွေးနေမိတယ်။

piohufogihuiukghygo

တကယ်က ကျွန်တော့်ကို ကျောင်းဘက်က ဦးဆုံးရခဲ့တာပါ။ crisis Management လုပ်ဖို့ ဦးဆုံး ဒေါ်ခိုင်သဇင်ကို အကြံပေးခဲ့တာ ကျွန်တော်ပါ။ အထေ့အငေါ့တွေနဲ့ ခြိမ်းခြောက်ခဲ့သူ တယောက် မရှိခဲ့ရင် ကျွန်တော် စောင့်ကြည့်နေမိဦးမယ် ထင်ပါရဲ့။ ဒါပေမယ့်လည်း အခုအချိန်မှ damage management ဝင်လုပ်တဲ့အခါ အခါများစွာ နှောင်းခဲ့ပြီ။ ကလေးနှစ်ယောက်၊ အောင်ကြီး၊ ကျောင်း၊ မိဘတွေ၊ နစ်နာသူတွေ အများကြီး ဖြစ်ခဲ့ပြီ။ ကျူးလွန်သူ တယောက်ကို မမိမချင်း သူတို့ ဘဝတွေ ပြန်ရဖို့ ခက်ခဲ့ပါပြီ။ ကြေကွဲစရာပါပဲ။

piohufogihuiukghygo
Facebook Comments
864 Shares

Comments are Closed

Powered by M.N.T