Gyan Pone

Media, Entertainment and News Website

Local News

ကျောက်တံခါးမြို့နယ်တွင်တစ်ရက်တည်း၌ကျောင်းသား ကလေးငယ်နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား

uidgfhuyfdgjyfg

ကျောက်တံခါးမြို့နယ်တွင်တစ်ရက်တည်း၌ကျောင်းသား ကလေးငယ်နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား

uidgfhuyfdgjyfg

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်နေပြည်တော်အမြန်လမ်းမိုင်တိုင်အမှတ်၉၉/၁နှင့်၂အကြားအင်္နီး အနောက်ဘက်၂ဖာလုံခန့်အကွာကြက်ချောင်းထဲ၌ဇူလိုင်၁၃ရက်နံနက်ပိုင်းက(၄)တန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့သည်။

kjhblifguhopfjh 1

ကျောက်တံခါးမြို့နယ်ဆင်ဇလုပ်ကျေးရွာအုပ်စုအောင်မင်္ဂလာကျေးရွာမေတ္တာရိပ်မွန်ပရဟိတကျောင်းထိုင်ဆရာတာ်ဥူးကုဝေရမှကျောင်းထားပေးသော ရဲနေသွေး၁၄နှစ်(ဘ)ဦးမျိုးမြင့် စတုတ္ထတန်း(မူလွန်)အောင်မင်္ဂလာကျေးရွာ(ခေတ္တမေတ္တာရိပ်မွန်ပရဟိတကျောင်း)မုံတဝရပ်ကွက် အေးသာယာမြို့သစ် တောင်ကြီးမြို့နေသူသည် အကျယ်၁၅ပေ အနက်၇ပေခန့်ရှိ ကြက်ချောင်း၏ချောင်းကမ်းနဘေးဝါးငုတ်တွင်ငြိလျက်မှောက်ခုံအနေအထားဖြင့်(ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ)သေဆုံးနေကြောင်းတွေ့ရှိခဲ့ရသည်။

kjhblifguhopfjh 2

ဖြစ်စဉ်နှင့်ပတ်သက်ပြီးမောင်ရဲနေသွေးသေဆုံးရခြင်းနှင့်ပတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးပေးပါရန်ဒုရဲအုပ်ရီတင်မှတရားလိုပြုလုပ်တိုင်တန်း၍ တောကျွဲအင်းနယ်မြေရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်၃/၂၀၁၉ဖြင့်ရေးဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။အလားတူကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ဘိုးပိုက်ဆံ၂ရပ်ကွက်ရှိအုတ်ကျင်းဟောင်းရေကန်ထဲ၌ဇူလိုင်၁၃ရက်ညနေ၅နာရီခွဲခန့်က(၆)တန်းကျောင်းသူတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲသည်။

kjhblifguhopfjh 3

ဖဒိုမြို့၂ရပ်ကွက်အတွင်းရှိရန်ကုန်မြို့နေသူပိုင်ဆိုင်သော ခြံလွတ်အတွင်းအနက်၈ပေအကျယ်၁၅၀ပေအုတ်ကျင်းရေကန်ဟောင်းအနီးကလေးငယ်တစ်ဦးအော်ငိုသံကြားသိရ သဖြင့်အနီးပတ်ဝန်းကျင်နေထိုင်သူများမှသွားရောက်ကြည့်ရှုရာ အဆိုပါရေကန်အတွင်း၌မကေးသီမွန်း၁၂နှစ်(ဘ)ဦး အယ်ထူး ဆဋ္ဌမတန်းကျောင်းသူ ဘိုးပိုက်ဆံ၂ရပ်ကွက်ဖဒို မြို့နေသူမှာ(ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ)ရေနစ်သေဆုံးခဲ့သည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ်ဖဒိုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၉ဖြင့်ရေးဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

Facebook Comments

Comments are Closed

Powered by M.N.T

4K Shares
Share4K
Tweet
Share
Pin