Gyan Pone

Media, Entertainment and News Website

Local News

တာမွေမြို့နေအိမ်အိပ်ခန်းအတွင်းအမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

jgfudsgyf65743 1

တာမွေမြို့ရှိနေအိမ်အိပ်ခန်းအတွင်းဒဏ်ရာများဖြင့်ပုတ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

jgfudsgyf65743 1

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ မလွှကုန်းလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ မွန်းလွဲ (၁)နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရှိရသည်။

jgfudsgyf65743 2

ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ မလွှကုန်းလမ်းရှိ ဇဗ္မူနန်း စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်ရာ နေအိမ်ရှိအိပ်ခန်းအတွင်း ယနေ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခန့်က

jgfudsgyf65743 3

အမျိုးသားတစ်ဦး၏အလောင်းတွင် ဒဏ်ရာများတွေ့ရပြီး သေဆုံးချိန်လေးရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းရသောရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းကို နိဗ္ဗာန်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားကြောင်းသိရသည်။

jgfudsgyf65743 4

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့နယ်ရဲတပ်ဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အမှုအားရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်၍ ပြောကြားနိုင်ခြင်းမရှိကြောင်း တာဝန်ကျရဲဝန်ထမ်းက ဖြေကြားခဲ့သည်။

Facebook Comments
143 Shares

Comments are Closed

Powered by M.N.T