Gyan Pone

Media, Entertainment and News Website

Local News

သိန်းနီမြို့မဈေးနေ့တွင် လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဈေးပိတ်လိုက်ရ

yteuyru76578

သိန်းနီမြို့မဈေးနေ့တွင် လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဈေးပိတ်လိုက်ရ

yteuyru76578

တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့တွင် ယနေ့ (အောက်တိုဘာ ၁၁ ရက်) လက်နက်ကြီး ပစ်ခတ်များသံများကြောင့် သိန်းနီမြို့မဈေးနေ့ (ငါးရက်တစ်ဈေး) ကို ပိတ်လိုက်ရကြောင်း ဒေသခံများက ပြောကြားသည်။

သိန်းနီမြို့မြို့မဈေးတွင် ယနေ့သည် ငါးရက်တစ်ဈေးနေ့ ဖြစ်သည့်အပြင် အဖိတ်ဈေးလည်း ဖြစ်သောကြောင့် မြို့အနီးတစ်ဝိုက်ရှိ ရွာများက မြို့ပေါ်ဈေးတက်ရောင်းကြသည့်အတွက် စည်ကားနေပြီး

yteuyru76578

ထိုအချိန်တွင် လက်နက်ကြီးသံများ ကြားရသည့်အတွက် စိုးရိမ်ကာ ဈေးသိမ်းလိုက်ရကြောင်း ယင်းဈေးမှ ကုန်စုံရောင်းသူ ဦးစိုင်းအိုက်စ်က ရှင်းပြသည်။

သိန်းနီဒေသခံ ဒေါ်နန်းကြည်ကြည်ကလည်း “မနက်ငါးနာရီကျော် မိုးမလင်းခင်မှာ လက်နက်ကြီးသံတွေ ဈေးသည်ဈေးဝယ်တွေ ကြောက်လန့်ကုန်ကြတယ်” ဆိုသည်။

yteuyru76578

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သိန်းနီမြို့အနီးတွင် တပ်မတော်ယာဉ်တန်းကို TNLA လက်နက်ကိုင်အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်သား ၃ ဦးကျဆုံးခဲ့ပြီး အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တပ်မတော်ယာဉ် ၂ စီးနှင့် နေအိမ် ၂ လုံး ပျက်စီးခဲ့သည်။

Facebook Comments
37 Shares

Comments are Closed

Powered by M.N.T