Gyan Pone

Media, Entertainment and News Website

Local News

ကျောင်းထိုင်ဆရာတော်အားဓားနဲ့ လိုက်ထိုးတဲ့ အရက်ကြောင်နေသူကို ဝိုင်းဖမ်း

fdsafjhdsjafhd64732564

ကျောင်းထိုင်ဆရာတော်အားဓားနဲ့ လိုက်ထိုးတဲ့ အရက်ကြောင်နေသူကို ဝိုင်းဖမ်း

fdsafjhdsjafhd64732564

မန္တလေးတိုင်းေ ဒသကြီးမိတ္တီလာမြို့နယ်လိန်တောအရှေ့ကျေးရွာဘုန်းကြီးကျောင်းသို့လူငယ်တစ်ဦးရောက်ရှိလာပြီးသင်္ကန်းဝတ်ချင်ကြောင်းလျှောက်ထားရာဆရာတော်မှလူကြီးများနှင့်အုပ်ထိန်းသူများခေါ်လာရန်ပြောကြားရာ

ကျောင်းအောက်သို့ဆင်းသွားပြီးကျောင်းပေါက်ဝရောက်ရှိစဉ်ကျေးရွာသားတစ်ဦးကိုဓားနှင့်လိုက်လံထိုးနေသဖြင့်ဆရာတော်မှတားမြစ်ရာဆရာတော်ကိုပါဓားနှင့်ဆက်လက်ထိုးရာဝိုင်းဝန်းထိန်းသိမ်းဖမ်းဆီးခဲ့ရကြောင်းစုံစမ်းသိရသည်။

fdsafjhdsjafhd64732564

အောက်တိုဘာ(၁၇)ရက်နေ့လည်(၂း၄၅)အချိန်ခန့်မိတ္တီလာမြို့ရန်မျိုးအောင်ရပ်ကွက်အောင်စံပယ်လမ်းနေမိုးနိုင်ဦး(၂၆)နှစ်မှလိန်တောအရှေ့ရွာရှိသုခကာရီကျောင်းသို့ရောက်ရှိလာပြီးကိုရင်ဝတ်ချင်ကြောင်းဆရာတော်ဦးအစ္ဆရိယအားလျှောက်ထားရာ

ဆရာတော်မှသင်္ကန်းဝတ်လိုလျင်ကျေးရွာလူကြီးများနှင့်အုပ်ထိန်သူများခေါ်လာရန်ပြောကြားရာမိုးနိုင်ဦးမှကျောင်းအောက်သို့ဆင်းသွာပြီးကျောင်းပေါက်ဝ၌တွေ့ရှိသူလိန်တောကျေးရွာနေဦးကိုဦး(၄၃)နှစ်အားအသွား(၂့ ၈)လက်မအရိုး(၃့၇)ဗျက်(ဝ့၎)အရိုးအသွား(၆့၃)ဘက်မခန့်ရှိအစိမ်းရောင်ကော်ရိုးတတ်ဓားဦးချွန်နှင့်လိုက်လံထိုးရာ

fdsafjhdsjafhd64732564

ဦးကိုဦးမှကြောက်လန့်ပြီးတိမ်းရှောင်ထွက်ပြေး၍ထိုးမိခြင်းမရှိခဲ့ကြောင်းထိုသို့ဖြစ်နေသည်ကိုဆရာတော်မှမပြုလုပ်ရန်တားမြစ်ရာကျောင်းထိုင်ဆရာတော်ကိုပါဓားနှင့်ဆက်လက်လိုက်လံထိုးရာဆရာတော်မှရှောင်တိမ်းလိုက်၍မထိုးမိခဲ့ကြောင်းသိရသည်။

ထိုသို့ဖြစ်ပွားနေ၍ဆရာတော်နှင့်ကျေးရွာသူကျေးရွာသားများမှမိုးနိုင်ဦးအားဝိုင်းဝန်းဖမ်းဆီးရာခန်းနေဆရာတော်ဦးအာလောက၏အခန်းအတွင်းသို့ဝင်ရောက်ပုန်းအောင်းနေစဉ်၎င်းအားအခန်းအတွင်းထိန်းသိမ်းထားရှိပြီးလိန်တောကျေးရွာရာအိမ်မှူးဦးနေလင်းမှရဲစခန်းသို့အကြောင်းကြားခဲ့ရာ

fdsafjhdsjafhd64732564

မြို့မရဲစခန်းဒုရဲအုပ်သက်ပိုင်စိုးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီးမိုးန်ုင်ဦးအားရဲစခန်းသို့ခေါ်ဆောင်စစ်မေးစုံစမ်းခဲ့ရာမိုးနိုင်ဦးမှာအရက်ကြောင်ကြောင်နေသူတစ်ဦးဖြစ်ကြောင်း

စုံစမ်းသိရှိရပြီးဖြစ်စဉ်နှင့်ပတ်သက်၍မိုးနိုင်ဦးအားအရေးယူပေးရန်လိန်တောကျေးရွာတာဝန်ခံဦးဦးကိုကိုဦး၏တိုင်တန်းချက်အရမြို့မရဲစခန်း(ပ)၆၉၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၄၅၂/၂၉၄ ဖြင့်အမှုဖွင့်အရေးယူပြီးမိုးနိုင်ဦးအားအမှုနှင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Facebook Comments
25 Shares

Comments are Closed

Powered by M.N.T