Gyan Pone

Media, Entertainment and News Website

Local News

မိန်းကလေးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရပြီး ကိုယ်ဝန်ရတော့မှ မိဘများသိရ

fjdhgdshajfsdf56743254

မိန်းကလေးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရပြီး ကိုယ်ဝန်ရတော့မှ မိဘများသိရ

fjdhgdshajfsdf56743254

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ရင်းရှည်ကျေးရွာအုပ်စု၊ရင်းရှည်ကျေးရွာတွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်သူကို အမှုဖွင့်အရေးယူထားကြောင်း ရေကြည်မြို့မရဲစခန်းမှ သိရသည်။

ရေကြည်မြို့နယ် ရင်းရှည်ကျေးရွာနေ ဒေါ်ဇင်မာဦးသည် အောက်တိုဘာ(၁၇)ရက်နေ့က သမီးဖြစ်သူ မ—– (၁၅)နှစ်အရွယ်ကို ပုံသဏ္ဍာန်အား မသင်္ကာလို့ဆိုကာ ညီမဖြစ်သူ မဉ္ဇူလှိုင်နှင့်ချောင်းဖျားကျေးရွာ ဆေးပေးခန်းတွင် သွားရောင်စစ်ဆေးရာ သမီးဖြစ်သူ မ—–အသက်(၁၅)နှစ်အရွယ် မိန်းကလေးတွင် အဓမ္မပြုကျင့်ခံရ၍ ကိုဝန်ရှိနေကြောင်း သိရခြင်းဖြစ်ကြောင်း သိရသည်။

fjdhgdshajfsdf56743254

ဒေါ်မဉ္ဇူလှိုင်နှင့် မိခင်ဖြစ်သူ ဒေါ်ဇင်မာဦးတို့မှ အဓမ္မပြုကျင့်ခံရသူ မ—–အသက်(၁၅)နှစ် အရွယ်ကို အကျိုးအကြောင်း မေးမြန်းရာ လွန်ခဲ့သော(၄)လခန့်က ညအချိန်များတွင် တစ်ရွာတည်းနေ နိုင်လင်းဆိုသူမှ နေအိမ်ရှိ သမီးဖြစ်သူ၏အိပ်ခန်းအတွင်းကို ဝင်ရောက်ကာ

သားမယားအဖြစ် ၅/၆ ရက်ခန့် အတင်းအဓမ္မ (၆)ကြိမ်ခန့် ဆက်တိုက်ပြုကျင့်ခဲ့ပြီး အခြားသူများကို ပြန်ပြောရင် သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုသဖြင့် မည်သူကိုမှ ပြန်မပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

fjdhgdshajfsdf56743254

“အခုတော့ရဲစခန်းကို သွားတိုင်ထားပါတယ် ပြစ်မှုကျုးလွန်သူ နိုင်လင်းကို အရေးယူဖို့ပါ ကောင်မလေးက အခြားသူတွေကို ပြန်ပြောရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုတဲ့အတွက် ကြောက်လန့်နေတာပါ အသင်္ကာလို့ သွားစစ်ရင်း အဖြစ်အမှန်ပေါ်သွားတာပါ အမှုဖွင့်ထားပါပြီဟု” သားမယားအဖြစ်ပြုကျင့်ခံရသူ မိန်းကလေးငယ်၏ အဒေါ် မဉ္ဇူလှိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သားမယားအဖြစ် ပြုကျင့်ခံရသူ မ—–၁၅ နှစ်အရွယ်၏မိခင် ခေါ်ဇင်မာဦးမှ နိုင်လင်းဦးဆိုသူကို လာရောက်တိုင်တန်းသဖြင့် ရေကြည်မြို့မရဲစခန်းမှ (ပ)၂၈၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Facebook Comments
5 Shares

Comments are Closed

Powered by M.N.T