Gyan Pone

Media, Entertainment and News Website

Local News

ဇနီးကို အဓမ္မကျင့်နေသူရဲ့  မျိုးပွားအင်္ဂါကို ဖြတ်တောက်ပစ်ခဲ့တဲ့ ခင်ပွန်း

fhdjgsfghdsfj56743825

ဇနီးကို အဓမ္မကျင့်နေသူကို လုံးထွေးသတ်ပုတ်ပြီး မျိုးပွားအင်္ဂါကို ဖြတ်တောက်ပစ်ခဲ့တဲ့ ခင်ပွန်း

fhdjgsfghdsfj56743825

ယူကရိန်းနိုင်ငံက အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ဇနီးကို အဓမ္မကျင့်နေတဲ့ မုဒိမ်းသမားဟာ လက်ပူးလက်ကြပ် ဖမ်းမိပြီးနောက် ထိုးကြိတ်တိုက်ခိုက်ကာ၊ ငယ်ပါကို ဖြတ်တောက်ပစ်ခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ကို Metro သတင်းစာက ဖော်ပြထားတာပါ။

မုဒိမ်းကျင့်တဲ့တရားခံအမည်ကတော့ Dmitry Ivchenko ဖြစ်ပြီး၊ သူဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Shevchenkovo မှာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို တစ်ဖက်က လည်ပင်းကိုညှစ်၊ တစ်ဖက်ကာ ပါးစပ်ကိုပိတ်ပြီး အဓမ္မကျင့်နေခဲ့တာ ဖြစ်ပါတယ်။

fhdjgsfghdsfj56743825

အသက်(၂၇)နှစ်အရွယ် ခင်ပွန်းဖြစ်သူ နေအိမ်ကို ပြန်လာစဉ်၊ အိမ်နဲ့မလှမ်းမကမ်း တောစပ်မှာ ဇနီးကို Dmitry က မုဒိမ်းကျင့်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့် အခင်းဖြစ်နေရာကို ချက်ချင်းပြေးသွားပြီး Dmitry ကို လက်သီးနဲ့ဆက်တိုက်ထိုးကာ ငယ်ပါကို ဖြတ်တောက်ပစ်ခဲ့တာပါ။

fhdjgsfghdsfj56743825

နောက်တစ်ရက်မှာ ခင်ပွန်းဖြစ်သူက သူ့အပြစ်အတွက် ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။ Dmitry ကတော့ Shevchenko District Hospital ဆေးရုံမှာ အရေးပေါ်တက်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ငယ်ပါကို မူလအတိုင်း ပြန်ဆက်နိုင်ခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

fhdjgsfghdsfj56743825

Dmitry ကို မုဒိမ်းမှုအတွက် တရားရုံးက ထောင်ဒဏ်(၅)နှစ် စီရင်ချက် ချခဲ့ပါတယ်။ သူ့ကို လိင်အင်္ဂါဖြတ်တောက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကတော့ တစ်ပါးသူကို ကိုယ်လက်အင်္ဂါဆုံးရှုံးစေမှုနဲ့ ထောင်ဒဏ်(၈)နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Facebook Comments
99 Shares

Comments are Closed

Powered by M.N.T