Gyan Pone

Media, Entertainment and News Website

Local News

ကိုယ်ဝန် ၄ လနဲ့ ပိုလီယိုဖြစ်နေတဲ့ မိန်းကလေးကို သွားရောက်အားပေးလှူဒါန်းနေတဲ့ SINON

jfdgdfsgfjh54328543 1

ကိုယ်ဝန် ၄ လနဲ့ ပိုလီယိုဖြစ်နေတဲ့ မိန်းကလေးကို သွားရောက်အားပေးလှူဒါန်းနေတဲ့ SINON

jfdgdfsgfjh54328543 1

ကိုယ်ဝန် ၄ လနဲ့ ပိုလီယိုဖြစ်နေတဲ့ မိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးလှူဒါန်းနေတဲ့ Sinon Loresca ရဲ့ သာဓုခေါ်စရာ Video ဖိုင်လေး

ပရိသတ်ကြီးရေ ကမ္ဘာကျော် Catwalk မော်ဒယ် တစ်ဦးဖြစ်ပြီး The King Of Catwalk လို့ ခေါ်ဆိုကြတဲ့ Sinon Loresca ဟာ မြန်မာပြည်ကို ချစ်လွန်းလို့ ခုဆို ဒုတိယအကြိမ် ပြန်ရောက်နေတာပဲ ဖြစ်ပါတယ်….

jfdgdfsgfjh54328543 2

သူ့ရဲ့ ရိုးသားမှု၊ ပရဟိတစိတ်ထက်သန်မှုတွေကြောင့် မြန်မာပရိသတ်တွေရဲ့ ချစ်ခြင်းကို သိမ်းပိုက်ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်…

မြန်မာလူမျိုး တစ်ပိုင်းလို့တောင် ထင်ရလောက်အောင် မြန်မာနိုင်ငံသားတွေကို အလှူအတန်းတွေ လိုက်ပြီး လုပ်ဆောင်နေတဲ့ Sinon Loresca လေးဟာ အခုဆိုရင် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး၊ ရောက်တဲ့ အချိန်လေးမှာတင်ပဲ အလှူအတန်းလုပ်နေပါပြီနော်။

jfdgdfsgfjh54328543 1

သူရောက်ရှိလည်ပတ်နေတဲ့ နေရာအနှံမှာရှိတဲ့ နွမ်းပါးသူတွေ၊ အိမ်ရာမဲ့သူတွေ ၊ မျက်မမြင်ကျောင်း နဲ့ မိဘမဲ့ ကလေးတွေကိုလည်း တတ်နိုင်သလောက် ကူညီ ထောက်ပံ့ လှူဒါန်းမှုလေးတွေလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

သူဟာဆိုရင် မအောင်မြင်ခင်ဘဝတုန်းက မိဘတွေရဲ့စွန်ပစ်တာခံခဲ့ရတာသလို အမှိုက်ကောက်စားရတဲ့အထိ အခြေအနေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်သူဟာ သူလိုမခံစားစေချင်လို့ ကမ္ဘာနိုင်ငံက အဖွဲ့အစည်းတော်တော်များကိုလည်း လှူဒါန်းမှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်။

jfdgdfsgfjh54328543 2

အခုအချိန်အခါမှာတော့Sinon Loresca ဟာ ရန်ကုန်၊ မန္တလေးတို့မှာလည်ပတ်ပြီး မကြာခင်ကမှ ယူနက်စကိုအသိအမှတ်ပြုစာရင်းဝင်သွားတဲ့ ပုဂံကို ရောက်ရှိလည်ပတ်ခဲ့ပါတယ်။ အခုဆိုင်ရင် Sinon Loresca ဟာ ကိုယ်ဝန် ၄ လနဲ့ ပိုလီယိုဖြစ်နေတဲ့ မိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးလှူဒါန်းခဲ့ပါတယ်။

သူရဲ့ ကြည်နူးပီတိဖြစ်စရာ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးကြဦးနော် ပရိတ်သတ်ကြီး။ Sinon Loresca တစ်ယောက်လည်း အမြဲတမ်းအခုလို အလှူအတန်းတွေလုပ်ပြီး ကျန်းကျန်းမာမာနဲ့ ဘဝတစ်လျောက်လုံး ပျော်ရွှင်ပါစေလို့ ပရိတ်သတ်ကြီးနဲ့ အတူ ဆုတောင်းပေးလိုက်ပါတယ်နော် ….. ။

Facebook Comments
31 Shares

Comments are Closed

Powered by M.N.T