Gyan Pone

Media, Entertainment and News Website

Local News

သမီးကို ညတိုင်း ကာမပြုကျင့်တဲ့ ဖခင် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံရ

gfdhjgahfds543275 1

ညအိပ်နေချိန် ဇနီးသည်ဘေးမှာ သမီးကို ညတိုင်း ကာမပြုကျင့်တဲ့ ဖခင် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံရ

gfdhjgahfds543275 1

မလေးရှားနိုင်ငံက ဖခင်တစ်ဦးဟာ သမီးအရင်းကို သားမယားပြုကျင့်ခဲ့တာကြောင့် ထောင်ဒဏ် (၇၄) နှစ် နဲ့ ကြိမ်ဒဏ် (၄၈) ချက် ချမှတ်ခံခဲ့ရပါတယ်။ အသက် (၄၀) နှစ်အရွယ် သူဟာ (၁၂) နှစ်အရွယ် သူ့ရဲ့သမီးကို (၁၆) ကြိမ်အထိတောင် သားမယားပြုကျင့်ခဲ့ပါတယ်။

သမီးဖြစ်သူဟာ ညဘက်အိပ်တဲ့ အချိန်မှာ သူ့ရဲ့ မိဘ နှစ်ပါးရယ်၊ သူ့ရဲ့ ညီမလေး တစ်ယောက်ရယ်၊ အားလုံး အတူတူ အိပ်ကြတာ ဖြစ်ပါတယ်။တစ်ညမှာတော့ သူမရဲ့ ခန္စကိုယ်ကို တစ်ယောက်ယောက်က လာထိတာကို သတိထားမိပြီး ကြည့်လိုက်တဲ့ အခါမှာ သူ့ရဲ့အဖေ ဖြစ်နေပါတယ်။

gfdhjgahfds543275 1

ဖခင်ဖြစ်သူဟာ သူ့ကို ဘောင်ဘီချွတ်ဖို့ ပြောပြီး သာမယားပြုကျင့်သွား ခဲ့ပါတယ်။ သမီးဖြစ်သူဟာ သားမယားပြုကျင့်ခံရတာကို သူ့ရဲ့အမေ မြင်သွားမှာ စိုးရိမ်းတာကြောင့် မအော် ခဲ့တာ ဖြစ်ပါတယ်။ သားမယားပြုကျင့်ခံရပြီးနောက် သူတို့ဟာ အိပ်ရာကိုယ်စီဝင်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ဖခင်ဖြစ်သူက သူ့ကို ကာမရယူခဲ့ပြီး (၁၆) ကြိမ်မြောက်မှာ ပေါ်သွားခဲ့ပါတယ်။ (၁၆) ကြိမ်မြောက် သားမယားပြုကျင့်ပြီး၊ မနက်ခင်းမှာ သမီးဖြစ်သူက မိခင်ကို ဗိုက်နာတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူ သားမယားပြုကျင့်တာလို့ မိခင်ဖြစ်သူကို မပြောခဲ့တာ ဖြစ်ပါတယ်။

fdshafgshda54632734

အဲဒီမနက်၊ သူမဟာ ကျောင်းကို သွားပြီး ကျောင်းဆရာမကို သူ့အဖေက သားမယားပြုကျင့်တယ်လို့ ပြောခဲ့ပါတယ်။ကျောင်းဆရာမဟာ ကလေးမကို ဆေးရုံ ခေါ်သွားပြီး ဆရာဝန်က ကလေးမလေးရဲ့ မအင်္ဂါမှာ ပြဲရာအသစ် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ သူမရဲ့ ဖခင်ဟာ ဆေးရုံကို ရောက်လာတဲ့ အချိန်မှာ အဖမ်းခံလိုက်ရပါတယ်။

gfdhjgahfds543275 2

WorldofBuzz သတင်းက ဖခင်ဖြစ်သူက အယူခံဝင်ပြီးနောက် ထောင်ဒဏ် (၇၄) နှစ်၊ ကြိမ်ဒဏ် (၄၀) ချက် အသီးသီး ချမှတ်ခံခဲ့ရတယ်လို့ ဖော်ပြသွားပါတယ်။ အခု… မုဒိန်းသမားက ထောင်နန်းစံသွားပါပြီ။

Facebook Comments
353 Shares

Comments are Closed

Powered by M.N.T