Gyan Pone

Media, Entertainment and News Website

Local News

ဝက်ရူးပြန်ရောဂါရှိသော အမျိုးသမီးတစ်ဦး ရေမြောင်းအတွင်းသေဆုံးနေ

ghfdjsghfd56438654 1

ဝက်ရူးပြန်ရောဂါရှိသော အမျိုးသမီးတစ်ဦး ရေမြောင်းအတွင်းသေဆုံးနေ

ghfdjsghfd56438654 1

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ၁၁/၁၄ရပ်ကွက် သပြေကုန်းကျေးရွာဘက်သို့ သွားသော ထန်းပင် လမ်းမကြီးဘေးရှိ ရေမြောင်းအတွင်း ယနေ့ နံနက်က အမျိုးသမီးတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့သည်။

လူသေဆုံးမှုသတင်းအရ ဒလမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အုန်းလွင်ပါဝင်သောရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများမှ ယနေ့ နံနက် ၇ နာရီ က သွားရောက်စစ်ဆေးရာ သပြေကုန်းကျေးရွာဘက်သို့ သွားသော ထန်းပင်လမ်းမကြီးဘေး ရေမြောင်းအတွင်း အမျိုးသမီးတစ်ဦး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး

ghfdjsghfd56438654 2

သေဆုံးသူအား ဆက်လက်စုံစမ်းရာ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဆရာစံ(၃)လမ်းနေ မအိသန္တာထွန်း(ခ)ဘုတ်ဆုံမ ဆိုသူဖြစ်ကြောင်း၊ ဝက်ရူးပြန်သည့် ရောဂါရှိကာ ဆေးသောက်နေရသူဖြစ်ပြီး၊ ယမန်နေ့ ၁၈ ရက်နေ့ က တစ်နေကုန် နေအိမ်သို့ ပြန်ရောက်လာ ခြင်းမရှိသဖြင့် မိသားစုဝင်နှင့် အိမ်နီးနားပတ်ဝန်းကျင်မှ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ghfdjsghfd56438654 3

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလောင်းအား ရဲဆေးစာဖြင့်ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ လက်ထောက်ဆရာဝန် ဒေါက်တာ နှင်းဝေမွန်မှ လက်ခံစစ်ဆေးလျက်ရှိပြီး ဒလမြို့ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(…/၂၀၁၉)ဖြင့်အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသည်။

Facebook Comments
29 Shares

Comments are Closed

Powered by M.N.T